Samsung ကနေ အခုအချိန်မှာ ISOCELL GN1 လို့နာမည်ပေးထားတဲ့ 50MP Camera Sensor အသစ်ကို မိတ်ဆက်လိုက်ပါတယ်။ အဆိုပါ ISOCELL GN1 Sensor ဟာ Megapixel အရတော့ အများဆုံးမဟုတ်ပေမယ့် Dual Pixel Autofocus အပြင် Teracell နည်းပညာတွေကိုထည့်သွင်းထားတဲ့ Sensor တစ်ခုဖြစ်ပါတယ်။

အဆိုပါ ISOCELL GN1 Sensor ဟာ 1.2μm Pixel Size ရှိမှာဖြစ်ပြီး 4-in-1 Pixel Binning နည်းပညာကြောင့် 12.5MP Size ရှိတဲ့ပြီး Pixel Size အနေနဲ့ 2.4μm ရှိတဲ့ ဓါတ်ပုံတွေကို ထုတ်ပေးနိုင်မှာဖြစ်ပါတယ်။

Samsung ရဲ့ Sensor Business Executive VP ဖြစ်တဲ့ Yongin Park ရဲ့ ပြောကြားချက်အရတော့ Samsung ISOCELL GN1 Sensor ဟာ လက်ရှိ စျေးကွက်ထဲမှာလိုအပ်နေတဲ့ စွမ်းဆောင်ရည်မြင့်မားတဲ့ Camera Sensor တစ်ခုအနေနဲ့ ဖြည့်ဆည်းပေးနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ အခုလိုမျိုး Dual Pixel Autofocus နည်းပညာကြောင့် ယခင် 108MP Sensor တွေမှာ တွေ့ခဲ့ရတဲ့ Focus ပြဿနာကိုလည်း ကြုံရတော့မှာမဟုတ်ပါဘူး။

Samsung ISOCELL GN1 Sensor အသစ်ဟာ Smart ISO ၊ Real-time HDR ၊ EIS နဲ့ 8K 30fps Video Recording ကိုလည်း Support ပြုလုပ်မယ်လို့ သိရပါတယ်။ အခုအချိန်မှာ အဆိုပါ ISOCELL GN1 Sensor ကို စတင်ထုတ်လုပ်နေပြီဖြစ်တဲ့အတွက် မကြာခင်မှာ ဒီ Sensor ကို အသုံးပြုထားတဲ့ စမတ်ဖုန်းတွေကို မြင်တွေ့ရတော့မှာပါ။

Ref – GSM Arena