Samsung က Unpacked Event မှာ စွမ်းရည်မြင့် Galaxy S21 Series တွေ အပြင် Galaxy Smart Tag နဲ့ Smart Tag+ Tracker တွေကို ကြေညာလိုက်ပြီး Bluetooth 5.0 Low Energy (LE) နဲ့ Ultrawide Band (UWB) တို့ကို အသီးသီး အသုံးပြုထားပါတယ်။

Tracker တွေကို စမတ်ဖုန်း၊ တက်ဘလက်နဲ့ သော့၊ ပိုက်ဆံအိတ်၊ ကျောပိုးအိတ်လို တခြား ပစ္စည်းတွေမှာ ချိတ်ထားရင် ပျောက်သွားတဲ့အခါ တည်နေရာကို ခြေရာခံနိုင်ပါတယ်။ Samsung SmartThings App ကနေ ပျောက်နေတဲ့ ပစ္စည်းကို ရှာဖွေနိုင်မှာ ဖြစ်ပြီး အနီးအနားမှာ ပျောက်နေတာ ဆိုရင် အသံမြည်ပေးနိုင်ပါတယ်။

Samsung announces Galaxy Smart Tag and Smart Tag+ trackers

အဲဒီ Tracker တွေကို One-touch IOT Control လို သုံးနိုင်တဲ့အတွက် TVs, Robot Vacuums တို့လို Samsung ရဲ့ စမတ် နေအိမ်သုံး ပစ္စည်းတွေကို အဖွင့် ၊ အပိတ် ပြုလုပ်နိုင်ပါတယ်။ IP53 စံနှုန်း ပါတဲ့အတွက် ရေစိုခံနိုင်ပါတယ်။ Samsung Galaxy စမတ်ဖုန်း၊ တက်ဘလက်နဲ့ Wearables တွေနဲ့ပဲ Smart Tags တွေကို တွဲဖက် အသုံးပြုနိုင်ပါတယ်။

Samsung announces Galaxy Smart Tag and Smart Tag+ trackers

Galaxy Smart Tag ကို ၂၉.၉၉ ဒေါ်လာနဲ့ Tag+ ကို ၃၉.၉၉ ဒေါ်လာ သတ်မှတ်ထားပြီး ၄ သောင်းနဲ့ ၅ သောင်း ၃ ထောင်လောက် အသီးသီးကျသင့်မှာပါ။ ဒီလ ၂၉ ရက်နေ့ စတင် ရောင်းချမှာပါ။

Ref : gsmarena