Unicode

တောင်ကိုရီးယားအခြေစိုက် Samsung ကုမ္ပဏီဟာ အခုလအတွင်းမှာ နှစ်ပတ်လည် ဒါရိုက်တာအဖွဲ့ဝင်ပြောင်းလဲမှု ကို ပြုလုပ်ခဲ့ပြီး Galaxy ဖုန်းတွေနဲ့ Wearables တွေထုတ်လုပ်တဲ့ မိုဘိုင်းဌာနခွဲအတွက် ဥက္ကဌအသစ်ကို ရွေးချယ်ခဲ့ပါတယ်။ ဥက္ကဌအသစ်ကတော့ Roh Tae-moon ဖြစ်ပြီး DJ Koh လို့ လူသိများတဲ့ လက်ရှိဥက္ကဌ Koh Dong-jin နေရာကို ဝင်ရောက်တာဝန်ထမ်းဆောင်မှာပါ။

ဒါပေမယ့် DJ Koh ဟာ တွဲဖက်အမှုဆောင်အရာရှိချုပ်အဖြစ် ဆက်လက်တည်ရှိနေမှာဖြစ်ပါတယ်။ ရာထူးကို လက်ခံချိန်မှာ အသက် ၅၁ နှစ်သာရှိသေးတဲ့ Roh ဟာ အိုင်တီနဲ့ မိုဘိုင်းဖုန်းကဏ္ဍအတွင်းမှာတော့ အသက်အငယ်ဆုံး ဥက္ကဌရာထူးဆက်ခံသူ ဖြစ်လာခဲ့ပါပြီ။ သူဟာ Koh ရဲ့လက်အောက်မှာ နံပါတ်နှစ်အဖြစ် ယခင်က ရပ်တည်လာခဲ့သူ ဖြစ်ပါတယ်။

အခုလို ငယ်ရွယ်တဲ့ ဦးဆောင်သူအသစ်ကို ရွေးချယ်ခဲ့တာဟာ မျိုးဆက်သစ်စမတ်ဖုန်းဈေးကွက်ထဲမှာ Huawei အစရှိတဲ့ အဓိကပြိုင်ဘက်တွေကို ရင်ဆိုင်သွားဖို့လို့ ဆိုပါတယ်။ Roh ရဲ့ စွမ်းဆောင်မှုတွေထဲမှာ ၂၀၁၉ ခုနှစ်အတွင်းက Galaxy A စီးရီးကို ဖန်တီးခဲ့ပြီး Samsung အနေနဲ့ ယုတ်လျော့နေခဲ့တဲ့ Mid-range စမတ်ဖုန်းဈေးကွက်မှာ ပြန်လည်အောင်မြင်စေခဲ့ခြင်းဖြစ်ပါတယ်။ ဒါကလည်း သူ့ကို ရာထူးတိုးစေခဲ့တဲ့ အချက်တွေထဲက တစ်ခုဖြစ်နိုင်ပါတယ်။

Roh Tae-Moon ဟာ ကိုရီးယားနည်းပညာကုမ္ပဏီကြီးမှာ လုပ်ကိုင်နေခဲ့တာ နှစ်ပေါင်းနှစ်ဆယ်နီးပါး ရှိပြီဖြစ်ပြီး လာမယ့် လအနည်းငယ်အတွင်းမှာ သူဦးဆောင်ပြီး စမတ်ဖုန်းဈေးကွက်ကို ထုတ်ကုန်သစ်အလန်းစားတွေ မိတ်ဆက်သွားမယ်လို့ ဆိုပါတယ်။ လာမယ့် ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ ကျင်းပမယ့် Samsung Galaxy S20 မိတ်ဆက်ပွဲမှာ Roh ကို ရာထူးလက်ခံပြီးနောက် ပထမဆုံးအကြိမ်အဖြစ် Public ရှေ့မှာ မြင်တွေ့ရမှာပါ။

Ref – GSM Arena

Zawgyi

ေတာင္ကိုရီးယားအေျခစိုက္ Samsung ကုမၸဏီဟာ အခုလအတြင္းမွာ ႏွစ္ပတ္လည္ ဒါရုိက္တာအဖြဲ႕ဝင္ေျပာင္းလဲမႈ ကို ျပဳလုပ္ခဲ့ၿပီး Galaxy ဖုန္းေတြနဲ႔ Wearables ေတြထုတ္လုပ္တဲ့ မုိဘုိင္းဌာနခြဲအတြက္ ဥကၠဌအသစ္ကို ေရြးခ်ယ္ခဲ့ပါတယ္။ ဥကၠဌအသစ္ကေတာ့ Roh Tae-moon ျဖစ္ၿပီး DJ Koh လို႔ လူသိမ်ားတဲ့ လက္ရွိဥကၠဌ Koh Dong-jin ေနရာကို ဝင္ေရာက္တာဝန္ထမ္းေဆာင္မွာပါ။

ဒါေပမယ့္ DJ Koh ဟာ တြဲဖက္အမႈေဆာင္အရာရွိခ်ဳပ္အျဖစ္ ဆက္လက္တည္ရွိေနမွာျဖစ္ပါတယ္။ ရာထူးကို လက္ခံခ်ိန္မွာ အသက္ ၅၁ ႏွစ္သာရွိေသးတဲ့ Roh ဟာ အုိင္တီနဲ႔ မုိဘုိင္းဖုန္းက႑အတြင္းမွာေတာ့ အသက္အငယ္ဆုံး ဥကၠဌရာထူးဆက္ခံသူ ျဖစ္လာခဲ့ပါၿပီ။ သူဟာ Koh ရဲ႕လက္ေအာက္မွာ နံပါတ္ႏွစ္အျဖစ္ ယခင္က ရပ္တည္လာခဲ့သူ ျဖစ္ပါတယ္။

အခုလုိ ငယ္ရြယ္တဲ့ ဦးေဆာင္သူအသစ္ကို ေရြးခ်ယ္ခဲ့တာဟာ မ်ဳိးဆက္သစ္စမတ္ဖုန္းေစ်းကြက္ထဲမွာ Huawei အစရွိတဲ့ အဓိကၿပိဳင္ဘက္ေတြကို ရင္ဆုိင္သြားဖို႔လုိ႔ ဆုိပါတယ္။ Roh ရဲ႕ စြမ္းေဆာင္မႈေတြထဲမွာ ၂၀၁၉ ခုႏွစ္အတြင္းက Galaxy A စီးရီးကို ဖန္တီးခဲ့ၿပီး Samsung အေနနဲ႔ ယုတ္ေလ်ာ့ေနခဲ့တဲ့ Mid-range စမတ္ဖုန္းေစ်းကြက္မွာ ျပန္လည္ေအာင္ျမင္ေစခဲ့ျခင္းျဖစ္ပါတယ္။ ဒါကလည္း သူ႕ကို ရာထူးတုိးေစခဲ့တဲ့ အခ်က္ေတြထဲက တစ္ခုျဖစ္ႏုိင္ပါတယ္။

Roh Tae-Moon ဟာ ကိုရီးယားနည္းပညာကုမၸဏီႀကီးမွာ လုပ္ကိုင္ေနခဲ့တာ ႏွစ္ေပါင္းႏွစ္ဆယ္နီးပါး ရွိၿပီျဖစ္ၿပီး လာမယ့္ လအနည္းငယ္အတြင္းမွာ သူဦးေဆာင္ၿပီး စမတ္ဖုန္းေစ်းကြက္ကို ထုတ္ကုန္သစ္အလန္းစားေတြ မိတ္ဆက္သြားမယ္လို႔ ဆုိပါတယ္။ လာမယ့္ ေဖေဖာ္ဝါရီ ၁၁ ရက္ေန႔မွာ က်င္းပမယ့္ Samsung Galaxy S20 မိတ္ဆက္ပြဲမွာ Roh ကို ရာထူးလက္ခံၿပီးေနာက္ ပထမဆုံးအႀကိမ္အျဖစ္ Public ေရွ႕မွာ ျမင္ေတြ႕ရမွာပါ။

Ref – GSM Arena