Samsung Semiconductors ဟာ လာမဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့မှာ Exynos Chipset သစ်အတွက် Event တစ်ခုပြုလုပ်ဖို့ ရက်သတ်မှတ်လိုက်ပြီ ဖြစ်ပါတယ်။ ဒီပွဲမှာ အားလုံးမျှော်လင့်နေကြတဲ့ AMD GPU နဲ့ Samsung ရဲ့ Flagship chipset သစ်ကို မြင်တွေ့ရဖွယ်ရှိပါတယ်။

ဒီ Chipset သစ်ဟာ Exynos 1080 ရဲ့ နောက်ဆက်တွဲ ဖြစ်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။ Exynos 1080 ဟာ Samsung ရဲ့ ပထမဆုံး 5nm chipset ဖြစ်ခဲ့တာပါ။ Mid-range အတွက် ရည်ရွယ်ထားတဲ့ Exynos 1080 ကို မြင်တွေ့ပြီး ဖြစ်တာကြောင့် ဒီတစ်ကြိမ်ကတော့ Flagship ပဲဖြစ်ပြီး Exynos 1280 ဖြစ်နိုင်ခြေရှိတယ်လို့ GSM arena က ခန့်မှန်းထားပါတယ်။

အခုအချိန်အထိ အတည်ပြုလို့မရသေးတာက Exynos 1280 ဟာ Entry-level ပဲ ဖြစ်လာမလား၊ မဖြစ်လာဘူးလား ဆိုတာပါပဲ။ Sammobile ကတော့ ဒီတစ်ကြိမ်မှာတော့ AMD GPU နဲ့ Exynos 2200 ကို မြင်တွေ့ရဖို့ မျှော်လင့်တယ်ဆိုပြီး ဖော်ပြထားပါတယ်။ Instagram post တွေက ခန့်မှန်းရခက်တယ်ဆိုပေမဲ့ ဒါဟာ ဂိမ်းမင်းပိုင်းနဲ့ ဆက်နွယ်နေတယ်ဆိုတာကိုတော့ သဲလွန်စပေးထားတာ ဖြစ်ပါတယ်။

ကုမ္ပဏီဟာ Gaming graphics ရဲ့ အနာဂတ်အကြောင်းကို အထူးပဲအလေးထားနေတာဖြစ်ပြီး Instagram post က “What entertainment will look like in the future”, “Everything changes on November 19, 2021” စတဲ့ စသားတွေကလည်း ပိုပြီးစိတ်ဝင်စားစရာ ဖြစ်စေပါတယ်။ ဒါ့အပြင် Samsung ဟာ Mid-range အမျိုးအစားတစ်ခုဖြစ်တဲ့ Exynos 1250 ကိုလည်း ပွဲထုတ်လာဦးမယ်လို့ မျှော်လင့်ရပါတယ်။

Ref: GSM Arena