Standford က အင်ဂျင်နီယာတွေနဲ့ Samsung တို့ဟာ အလွန်စိတ်ဝင်စားဖို့ကောင်းတဲ့ စီမံကိန်းတစ်ခုကို အချိန်အတော်ကြာကတည်းက ပြုလုပ်နေကြတာဖြစ်ပြီး၊ အခုအချိန်မှာတော့ အကောင်အထည်ပေါ်လာပြီဖြစ်တာကြောင့် ကမ္ဘာကို ပြသဖို့အဆင်သင့်ဖြစ်နေပြီလို့ဆိုပါတယ်။

Samsung က ကမ္ဘာကိုပြသဖို့အဆင်သင့်ဖြစ်နေပြီဆိုတဲ့အရာဟာ 10,000 PPI ရှိတဲ့ အမြင့်ဆုံး Pixel သိပ်သည်းဆနဲ့ Display ပဲ ဖြစ်ပါတယ်။ ဒီနည်းပညာဟာ Ultra-thin solar panel ဟာ OLED အတွက် တည်ဆောက်မှုနည်းပညာသစ်နဲ့ပေါင်းစပ်ပေါ်ထွက်လာတာဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီနယ်ပယ်ထဲမှာတော့ Pixel သိပ်သည်းဆ အမြင့်ဆုံးအဖြစ်လည်း သတ်မှတ်နိုင်ပါတယ်။

သီအိုရီအရ ဒါကို တီဗီတွေ၊ စမတ်ဖုန်းမျက်နှာပြင်တွေ၊ VR headset တွေအတွက် အသုံးပြုနိုင်ဖွယ်ရှိပါတယ်။ ဒါပေမယ့် Screen door effect ကို ဖယ်ထုတ်ပြီးသွားတဲ့နောက်မှာတော့ ပိုပြီးတော့ အထူးတလည်အသုံးဝင်လာမယ်လို့ သိရပါတယ်။ ဒီ Effect ကို လက်ရှိ ဈေးကွက်ထဲမှာရှိနေတဲ့ VR headset တိုင်းနီးပါးမှာ တွေ့မြင်နိုင်ပါတယ်။

Pixel တစ်ခုချင်းစီကြားမှာ ကွာဟနေတာမျိုးကို မြင်ဖူးကြပါလိမ့်မယ်။ ဘာကြောင့်လည်းဆိုတော့ လူ့မျက်လုံးဟာ မျက်နှာပြင်တွေနဲ့ စင်တီမီတာအနည်းငယ်ကွာဝေးတဲ့နေရာမှာပဲ ရှိနေလို့ ဖြစ်ပါတယ်။ နောက်တစ်ခုက ဒီကွာဟချက်ကို ဖယ်ရှားဖို့အတွက် လုံလောက်တဲ့သိပ်သည်းဆရှိတဲ့ ဖန်သားပြင်တွေလည်း မရှိသေးလို့ ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် OLED Architecture ကတော့ အဖြူရောင်အလင်းထုတ်လွှတ်ဖို့အတွက် ဖလင်ပေါ်မှာပဲ မှီခိုပါတယ်။ ငွေရောင်အလွှာတစ်ခုဟာ ရောင်ပြန်ဟပ်တဲ့သတ္တုနဲ့တွဲထားပြီး ဒါဟာ ရောင်ပြန်ဂုဏ်သတ္တိတွေကို ပြောင်းလဲခြင်းနဲ့ တိကျတဲ့အရောင်တွေကို ရောင်ပြန်ဟပ်ခြင်းကို ဖြစ်စေပါတယ်။ ရလဒ်ကတော့ တောက်ပမှုကို မလျော့စေဘဲ High-density display ကို ရစေတာ ဖြစ်ပါတယ်။

Samsung အနေနဲ့ ဒီလို Dsiplay ကို စားသုံးသူတွေဆီယူဆောင်လာနိုင်တယ်ဆိုရင်တောင် တွက်ချက်မှုစွမ်းရည်မှာ ပြဿနာရှိကောင်း ရှိလာနိုင်ပါသေးတယ်။ Pixel တွေအများကြီးနဲ့ အလုပ်လုပ်တယ်ဆိုပေမယ့် လက်ရှိအချိန်မှာ ဘယ် Hardware ပေါ်မှာလုပ်သလဲဆိုတာကိုလည်း မသိရသေးပါဘူး။

Ref: GSM Arena