Samsung က Android 13 အခြေပြု One UI 5 ကို Samsung Developer Conference မှာ ကြေညာခဲ့ပြီး အခုတော့ လာမယ့် ရက်သတ္တပတ်အတွင်း Samsung ဖုန်းတွေမှာ ရလာမယ့် နောက်ဆုံးထုတ် လုပ်ဆောင်ချက်တွေကို သိလာရပါပြီ။ Samsung က One UI 5 Stable ကို လာမယ့် ရက်သတ္တပတ်တွေအတွင်း Galaxy S22 Series, Z Flip4 နဲ့ Z Fold4 တို့လို စွမ်းရည်မြင့် ဖုန်းတွေမှာ ထည့်သွင်းပေးမယ်လို့ အတည်ပြုထားပါတယ်။

One UI 5 lockscreen options

One UI 5 ရဲ့ အဓိက လုပ်ဆောင်ချက်တွေအကြောင်းပြောရအောင်။ Lock Screen ကို ဒီဇိုင်း ပြောင်းလဲထားပြီး Wallpaper , Clock Face နဲ့ Color Palettes တွေကို Customize လုပ်နိုင်ပါတယ်။ Lock Screen မှာ ဗီဒီယို အတို ထင်ထားနိုင်တဲ့ ဗီဒီယို Wallpaper Option ပါလာပါတယ်။

သင် အသုံးပြုတဲ့ ပုံစံကို အခြေခံကာ Widgets နဲ့ Apps တွေအတွက် အကြံပြုချက်ပေးနိုင်လာပြီး Routines လုပ်ဆောင်ချက်မှာ Automations တွေကို စတင်ဖို့ ကူညီနိုင်တဲ့ Recognition Options အသစ်တွေ ပါလာပါတယ်။ Modes က သင်အိပ်နေချိန် သို့မဟုတ် လေ့ကျင့်ခန်း လုပ်နေချိန်တို့လို တစ်နေ့တာရဲ့ မတူညီတဲ့ အချိန်တွေမှာ Settings နဲ့ App တွေကို Program လုပ်နိုင်တဲ့ လုပ်ဆောင်ချက် ဖြစ်ပါတယ်။

Samsung details top One UI 5 features

Bixby Text Call က Google Screen Calling နဲ့ တူညီပြီး သင် စကားပြောဖို့ စိတ်မပါတဲ့ အခါ စာရိုက်ကာ ဖုန်းပြောနိုင်ပါတယ်။ သင် ရိုက်လိုက်တဲ့ စာတွေကို Bixby က အသံထွက် ပြောပြပေးမှာပါ။ Bixby Text Call ကို တောင်ကိုရီးယားမှာ အသုံးပြုနိုင်ပြီ ဖြစ်ပြီး အင်္ဂလိပ် ဗားရှင်းကို ၂၀၂၃ ခုနှစ် အစောပိုင်းမှာ ဖြန့်ချိပေးမှာပါ။

Samsung details top One UI 5 features

Samsung Gallery  မှာ ဓါတ်ပုံထဲက စာသားတွေကို ကူးယူလို့ရလာပါပြီ။ Security and Privacy Dashboards မှာ Connected Devices Menu အသစ်နဲ့ Privacy Hub ပါလာပါတယ်။ Samsung က Passport နဲ့ Bank Card တို့လို အရေးကြီး သတင်းအချက်အလက်တွေပါတဲ့ ဓါတ်ပုံတွေကို မျှဝေတဲ့အခါ သတိပေးတဲ့ Notification တွေကို ပြသပေးလာပါတယ်။

Ref : gsmarena