Samsung ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်ပိုင်းတုန်းကမိတ်ဆက်ခဲ့တဲ့ Galaxy S22 Series ဖုန်းတွေမှာ Expert RAW Feature အသစ်ကို ထည့်သွင်းပေးခဲ့ပါတယ်။ အဆိုပါ Expert RAW ဟာ ဓါတ်ပုံတွေကို ပြန်လည် Edit တဲ့အချိန်မှာ ပုံမှန်ထက်ပိုပြီး ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

အခုအချိန်မှာတော့ Samsung ကနေ အဆိုပါ Expert RAW App ကို Galaxy S22 Series ဖုန်းတွေအပြင် S21 Ultra ဖုန်းမှာပါ အသုံးပြုနိုင်အောင် Update ပြုလုပ်ပေးသွားမယ်လို့ သိရပါတယ်။ အဆိုပါ Expert RAW App ကို အသုံးပြုပြီး ဓါတ်ပုံတွေကို Lossless JPEG နဲ့ 16-bit Linear DNG RAW Format တွေနဲ့ Save ထားနိုင်သလို HDR ကိုလည်း Support ပေးနိုင်မှာဖြစ်ပါတယ်။

နောက်ထပ် ဓါတ်ပုံကို Edit ပြုလုပ်ချင်တဲ့သူတွေအတွက် လွယ်ကူစေဖို့ Adobe Lightroom App ဖြင့်လည်း Integrate ပြုလုပ်ထားပြီး စိတ်ကြိုက် Editing App ကို In-Camera Toggle အနေနဲ့ တန်းဖွင့်နိုင်စေမှာဖြစ်ပါတယ်။ Edit ပြုလုပ်တဲ့အချိန်မှာ ပိုလွယ်ကူစေဖို့အတွက် Profile တွေကိုပါ Download ပြုလုပ်နိုင်စေမှာပါ။

ဒါပေမယ့် အားနည်းချက်အနေနဲ့ကတော့ လောလောဆယ်မှာ အဆိုပါ Expert RAW App ကို အသုံးပြုဖို့အတွက် Galaxy S22 Ultra သို့မဟုတ် S21 Ultra ဖုန်းတွေရှိဖို့လိုအပ်မှာဖြစ်ပြီး ကျန်တဲ့ Samsung ဖုန်းတွေမှာတော့ အသုံးပြုနိုင်မှာမဟုတ်ပါဘူး။ ဒါကို Samsung ကနေ မကြာခင်ပြင်ဆင်သွားဖို့ရှိနေပြီးတော့ လာမယ့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နောက်ပိုင်းမှာ တခြားသော Galaxy ဖုန်းတွေမှာ အသုံးပြုနိုင်အောင် ပြုလုပ်ပေးသွားမယ်လို့ သိရပါတယ်။

ယခုသတင်းကို Samsung South Korea Official Forum တစ်ခုဖြစ်တဲ့ TizenHelp မှာ ဖော်ပြခဲ့တာဖြစ်ပြီး ရရှိနိုင်မယ့် Device တွေကို Limit ပြုလုပ်ထားဦးမယ်လို့ ဖော်ပြထားခဲ့ပါတယ်။ ဒါကြောင့်အရင်ဆုံးအနေနဲ့ High-end Galaxy စမတ်ဖုန်းတွေမှာပဲ အသုံးပြုနိုင်မယ်လို့ ယူဆရပါတယ်။

Ref – 9to5Google