Samsung ဟာ Galaxy A04 ကို တရားဝင်မိတ်ဆက်လိုက်ပါတယ်။ အဆိုပါ Galaxy A04 ဖုန်းဟာ ဆိုရင် ယခင်တုန်းကထွက်ရှိခဲ့တဲ့ Galaxy A03 ထက် အဆင့်မြှင့်တင်မှုတွေအများအပြားပါဝင်နေတာကိုလည်း တွေ့ရပါတယ်။

Design ပိုင်းမှာတော့ Samsung Galaxy A04 ဖုန်းဟာ Galaxy A03 နဲ့ဆင်တူပြီးတော့ Infinity-V Display ကို Dual Camera Setup နဲ့တွဲဖက်ထားတာဖြစ်ပါတယ်။ Camera Design အနေနဲ့ကတော့ ယခင် Galaxy A03 နဲ့နှိုင်းယှဥ်မယ်ဆိုရင် အနည်းငယ်ကွဲပြားတာကိုတွေ့ရပါတယ်။

Galaxy A04 ဟာ Display အနေနဲ့ 6.5″ HD+ Resolution ရှိတဲ့ Display ကို အသုံးပြုထားပြီး 5MP Selfie Camera ပါဝင်မှာဖြစ်ပါတယ်။ Back Camera အနေနဲ့ကတော့ Primary Sensor ကို 50MP Sensor နဲ့ အဆင့်မြှင့်တင်ထားပြီး 2MP Depth Sensor လည်းပါဝင်မှာဖြစ်ပါတယ်။

Performance ပိုင်းမှာတော့ Galaxy A04 ဖုန်းဟာ Unisoc SC9863A Chipset ကိုအသုံးပြုထားပြီး RAM 4GB/6GB/8GB ဆိုပြီး ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ ရွေးချယ်တဲ့ RAM ပေါ်မှုတည်ပြီးလည်း Storage က 32GB/64GB/128GB ဆိုပြီး ပြောင်းလဲသွားမှာဖြစ်ပြီး microSD Card ကနေတစ်ဆင့် 1TB အထိ ထပ်မံတိုးချဲ့နိုင်ဦးမှာပါ။

Samsung Galaxy A04 ဖုန်းဟာ Battery ပိုင်းအနေနဲ့ကတော့ 5000mAh Battery ကို အသုံးပြုထားပြီး Charging Speed ကို ဘယ်လောက်အထိ ထောက်ပံ့ပေးထားတယ်၊ စျေးနှုန်းဘယ်လောက်ရှိမလဲဆိုတာကိုတော့ အတိအကျမသိရှိရသေးပါဘူး။

Ref – GSM Arena