Samsung က မလေးရှားမှာ Galaxy A05 နဲ့ Galaxy A05s စမတ်ဖုန်း အသစ်တွေကို ကြေညာလိုက်ပါတယ်။ ဖုန်း ၂ လုံးစလုံးမှာ 6.7” LCD မျက်နှာပြင် တပ်ဆင်ထားပြီး A05 မှာ HD+ Resolution နဲ့ A05s မှာ FHD+ Resolution ပါလာပါတယ်။ A05s မှာ 13MP အရှေ့ ကင်မရာနဲ့ A05 မှာ 8MP အရှေ့ ကင်မရာ တပ်ဆင်ထားပါတယ်။

Samsung Galaxy A05 and A05s go official in Malaysia

အဓိကကွဲပြားချက်က Chipset ဖြစ်ပြီး A05s မှာ Snapdragon 680 နဲ့ A05 မှာ MediaTek Helio G85 မောင်းနှင်ထားပါတယ်။ ဖုန်း ၂ လုံးစလုံးမှာ 6GB RAM နဲ့ 128GB Storage ထည့်သွင်းထားပြီး microSD Card စိုက်နိုင်ပါတယ်။

ဖုန်ုး ၂  လုံးစလုံးမှာ 50MP Main , 2MP Depth အနောက်ကင်မရာတွေ တပ်ဆင်ထားပြီး A05s မှာ 2MP Macro ကင်မရာ အပိုပါလာပါတယ်။ ဖုန်း ၂ လုံးစလုံးမှာ 5,000mAh Battery တပ်ဆင်ထားပြီး 25W Charging ပါပါတယ်။ Android 13 အခြေပြု OneUI Core မောင်းနှင်ထားပါတယ်။

New Samsung Galaxy A05 and A05s: What's Different and Exciting?

Samsung Galaxy A05 အတွက် Black, Light Green နဲ့ Silver နဲ့ A05s အတွက် Violet အရောင်လည်း ထပ်ပြီးထုတ်လုပ်ထားပါတယ်။ Samsung က ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကို မပြောသေးပါဘူး။ လာမယ့် ရက်တွေအတွင်း အဲဒီ သတင်းအချက်အလက်တွေကို သိလာရနိုင်ပါတယ်။

Ref : gsmarena