အောက်တိုဘာလ ၁၃ ရက်၊ ၂၀၂၃ ခုနှစ်၊ ရန်ကုန်၊ မြန်မာ – Samsung ရဲ့ နောက်ဆုံးပေါ် စမတ်ဖုန်းတွေဖြစ်တဲ့ Galaxy A05s နဲ့ Galaxy A05 တို့ကို အတန်ဆုံးစျေးနှုန်းတွေနဲ့ မြန်မာနိုင်ငံမှာ စတင်ဝယ်ယူရရှိနိုင်ပြီ ဖြစ်ပါတယ်။

လှပတဲ့ ဒီဇိုင်း၊ ကြည်လင်တောက်ပတဲ့မျက်နှာပြင်၊ ပိုမိုကောင်းမွန်အောင် အဆင့်မြှင့်တင်ထားတဲ့ ကင်မရာ၊ စွဲမက်ဖွယ်လုပ်ဆောင်ချက်အစုံ၊ မြန်နှုန်းမြင့် chipset နဲ့ များပြားတဲ့ ဘက်ထရီတို့ပါဝင်လာတာကြောင့် တန်၊ မြန်၊ အားခံ၊ မိုက်တဲ့ စမတ်ဖုန်းတွေလို့ အတင်စားခံရတဲ့ Galaxy A05 Series စမတ်ဖုန်းတွေဟာ ထင်တာထက်ပိုကောင်းတယ်လို့လည်း ရေပန်းစားနေတာဖြစ်ပါတယ်။

ထင်တာထက်ပိုကောင်းတယ်လို့ နာမည်ကြီးနေတဲ့ Galaxy A05s ဟာ စွမ်းဆောင်ရည် အလွန်ကောင်းမွန်တဲ့ မြန်နှုန်းမြင့် Chipset Snapdragon 680 ပါဝင်လာတာကြောင့် ဂိမ်းကစားခြင်းနဲ့ Multi-tasking အသုံးပြုခြင်းတွေကအစ လုပ်ဆောင်ချက်တိုင်းမှာ အထစ်အငေါ့မရှိ သွက်လက်မြန်ဆန်စွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

အမိုက်စားဓါတ်ပုံတွေရိုက်ကူးနိုင်ဖို့ အကောင်းဆုံးရုပ်ထွက် အရည်အသွေးတွေ ပေးစွမ်းသွားမယ့် 50MP Main Camera၊ 2PM Depth Camera နဲ့ 2PM Macro Camea စတဲ့ ကင်မရာ ၃ လုံး ပါဝင်လာတဲ့အပြင် အမိုက်စား Selfie တွေ ရိုက်ကူးဖို့အတွက် အရင် မော်ဒယ် တွေထက် ပိုမိုအဆင့်မြှင့်တင်ထားတဲ့ 13MP Selfie Camera တို့ ပါဝင်လာပါတယ်။

မျက်နှာပြင်အရည်အသွေးမှာလည်း FHD+ Resolution ကြောင့် ပိုမိုကြည်လင်ပြတ်သားတဲ့ ရုပ်ထွက်အရည်အသွေးကို ခံစားကြည့်ရှုနိုင်မှာဖြစ်ပြီး 90Hz Refresh Rate ကြောင့် အထစ်အငေါ့မရှိ အသုံးပြုနိုင်စေမှာပဲ ဖြစ်ပါတယ်။

ထင်တာထက်ပိုတန်ပြီး ၄ သိန်းအောက်ဖုန်းတွေထဲမှာ အကောင်းဆုံးလို့ ဆိုနိုင်တဲ့ Galaxy A05 စမတ်ဖုန်းတွေကို သင့်တင့်မျှတမှု အရှိဆုံးဈေးနှုန်း ၃၄၅,၀၀၀ ကျပ် ကနေ စတင်ဝယ်ယူနိုင်မှာ ဖြစ်ပြီး စိတ်ကြိုက် ဖုန်းသုံး၊ Video တွေကြည့်နိုင်မယ့် Mediatek Helio G985 နဲ့အတူ ဓါတ်ပုံတွေကို အလန်းစားရိုက်ကူးနိုင်မယ့် 50MP Main Camera နဲ့ 2MP Depth Camera ကင်မရာ ၂ လုံး၊ Selfie ရိုက်ကူးရာမှာ ယခင်မော်ဒယ် ထက် 1.6 ဆ အထိ ပိုမိုကြည်လင်ပြတ်သားတဲ့ ရုပ်ထွက်ကို ပေးစွမ်းမယ့် 8MP Selfie camera ပါဝင်လာပါတယ်။

Galaxy A05၊ A05s (၂) ခုလုံးမှာ ထင်တာထက် ပိုကြည်၊ ပိုကျယ်တဲ့ 6.7” Infinity-U Display နဲ့ Awesome Screen၊ ထင်တာထက် ပိုအားခံတဲ့ 5000 mAh ဘက်ထရီနဲ့ နာရီဝက်အတွင်း 48% ထိ အားသွင်းမြန်တဲ့ 25W Super-Fast Charging ပါဝင်လာတဲ့ Awesome Battery၊ ထင်တာထက် ပိုမိုက်၊ ပိုလှတဲ့ ကြည့်လိုက်တာနဲ့ တန်ဖိုးကြီး တစ်လုံးလို ခံစားရမယ့် Premium ဆန်ဆန်ဒီဇိုင်း၊ လူငယ်ဆန်ဆန် အရောင်တို့လည်း ပါဝင်လာတာဖြစ်ပါတယ်။

“ကျွန်တော်တို့ Samsung ရဲ့ နောက်ဆုံးပေါ်ထုတ်ကုန်တွေကို အမြဲ စောင့်ကြည့် အားပေးနေတဲ့ မြန်မာနိုင်ငံ တစ်ဝန်းက Samsung ချစ်သူတွေအတွက် ၄သိန်းအောက် ဖုန်းတွေထဲမှာ အကောင်းဆုံးလို့ ဆိုနိုင်တဲ့ Galaxy A05 Series စမတ်ဖုန်းတွေကို မိတ်ဆက်ပေးနိုင်ခဲ့တဲ့အတွက် ဝမ်းသာမိပါတယ်။ စျေးနှုန်းအားဖြင့်လည်း အတန်ဆုံးဖြစ်အောင်ကြိုးစားထားသလို စွမ်းဆောင်ရည်အပိုင်းမှာလည်း Best in Class ဖြစ်မယ်လို့ ယုံကြည်ပါတယ်။

Samsung အနေနဲ့ အသုံးပြုသူတွေရဲ့ နေ့စဉ်ဘဝကို အကောင်းဆုံး အထောက်အကူဖြစ်စေမယ့် နည်းပညာတွေကို အမြဲကြိုးစားဖန်တီးနေသလိုပဲ ကျွန်တော်တို့ကို အမြဲ ယုံကြည်အားပေးနေတဲ့ Samsung ချစ်သူတွေကိုလည်း ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။” ဟု Samsung Myanmar ၏ Head of Mobile Experience Group ဖြစ်သူ ကို တင်မောင်ဝင်းမှ ပြောကြားခဲ့ပါသည်။

Galaxy A05 (4/64GB) ကို ၃၄၅,၀၀၀ ကျပ်၊ Galaxy A05 (4/128GB) ကို ၄၂၉,၀၀၀ ကျပ်၊ Galaxy A05 (6/128GB) ကို ၅၀၉,၀၀၀ ကျပ်၊ Galaxy A05s (4/128GB) ကို ၅၇၉,၀၀၀ ကျပ်၊ Galaxy A05s (6/128GB) ကို ၆၂၉,၀၀၀ ကျပ် တို့နဲ့ ဝယ်ယူနိုင်မှာဖြစ်ပြီး အရောင်အနေနဲ့ Awesome Light Green, Awesome Silver, Awesome Black ဆိုပြီး ဝယ်ယူရရှိနိုင်ပါတယ်။

ဒါ့အပြင် အထူးလက်ဆောင်တွေအနေနဲ့ Galaxy A05 ဝယ်ယူရင် Charger Set ၊ Galaxy A05s ဝယ်ယူရင် Samsung Original Travel Adapter တို့ကို သတ်မှတ်အရေအတွက်ဖြင့် လက်ဆောင် ပေးအပ်သွားမှာဖြစ်ပါတယ်။ Samsung Care+ ၏ No Worry Crack ဝန်ဆောင်မှုလည်းပါဝင်လာသောကြောင့် ဝယ်ယူသည့်နေ့မှစ၍ ၈ လအတွင်း မတော်တဆဖြစ်၍ ဖုန်းကိုယ်ထည် ပျက်စီးခြင်း အတွက် ၁၀၀% သက်သာခွင့် နှင့် ဖုန်းမျက်နှာပြင် ပျက်စီးခြင်း အတွက် ၆၀% သက်သာခွင့်တို့ကို ရရှိနိုင်မှာပါ။

Galaxy J Series ဖုန်းအဟောင်းတွေနဲ့ (သို့မဟုတ်) ၂၀၂၀ ခုနှစ် ရှေ့ပိုင်းမှာ ထွက်ထားတဲ့ Galaxy A Series ဖုန်းမော်ဒယ်တွေနဲ့ Trade In လုပ်ပြီး လဲလှယ် ဝယ်ယူမယ်ဆိုရင်တော့ Trade In ခံစားခွင့်အနေနဲ့ Galaxy A05s ကိုဝယ်ယူမယ်ဆို ၆၀,၀၀၀ ကျပ် နဲ့ Galaxy A05 ကို ဝယ်ယူမယ်ဆို ၅၀,၀၀၀ ကျပ် ကို ထပ်ဆောင်းအခွင့်အရေးအနေနဲ့ ရရှိနိုင်ဦးမှာပဲ ဖြစ်ပါတယ်။

Media release: SAMSUNG