Samsung Galaxy A06 5G ကို အိန္ဒိယမှာ ကြေညာလိုက်ပြီး  A0 Family ရဲ့ ပထမဆုံး 5G ဖုန်း ဖြစ်ပါတယ်။ တန်ဖိုးနည်းပေမယ့် OS Update ၄ ကြိမ်ရမှာက တော်တော်မိုက်ပါတယ်။

Samsung Galaxy A06 5G launches in India with Dimensity 6300, 4 OS updates

Galaxy A06 5G မှာ 6.7” LCD 720x1600p Display သုံးထားပြီး 90Hz Refresh Rate ပါပါတယ်။ ဘေးဘက်လက်ဗွေရာ ကိရိယာ သုံးထားပါတယ်။ အဲဒီဖုန်းမှာ Dimensity 6300 Chip မောင်းနှင်ထားပြီး Android 15 အခြေပြု One UI 7 ပါပါတယ်။

Samsung Galaxy A06 5G launches in India with Dimensity 6300, 4 OS updates

စုစုပေါင်း ကင်မရာ ၃ လုံး ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ 50MP Main , 2MP Depth ကင်မရာ ၂ လုံး တပ်ထားပြီး Main ကင်မရာက 1080p 30fps Video နဲ့ Slow-mo Video ရိုက်ကူးနိုင်ပါတယ်။ အရှေ့ ကင်မရာက 8MP ဖြစ်ပြီး Notch ထဲမှာ တပ်ဆင်ထားပါတယ်။

25W Wired Charging ပါတဲ့ 5,000mAh Battery ထည့်ထားပြီး USB-C ၊ နားကြပ်ပေါက်၊ Bluetooth 5.3 ပါပါတယ်။ IP54 စံနှုန်း ထည့်သွင်းထားပါတယ်။

Galaxy A06 5G 4/64GB ကို ၁၀,၅၀၀ ရူပီး၊ 4/128GB ကို ၁၁,၅၀၀ ရူပီးနဲ့ 6/128GB ကို ၁၃,၀၀၀ ရူပီး သတ်မှတ်ထားပါတယ်။  ၁၂၁ ၊ ၁၃၂ နဲ့ ၁၅၀ ဒေါ်လာ အသီးသီး ကျသင့်မှာ ဖြစ်ပါတယ်။ Black , Gray နဲ့ Light Green ၃ ရောင်နဲ့ လာပြီး အိန္ဒိယပြင်ပမှာ ရောင်းမယ့် သတင်းကို မသိရသေးပါဘူး။

Ref : gsmarena