ပြီးခဲ့တဲ့နှစ်တုန်းက Samsung Galaxy A10 စမတ်ဖုန်းဟာ Galaxy A Series ဖုန်းတွေထဲမှာ စျေးအသက်သာဆုံး Budget ဖုန်းတစ်လုံးဖြစ်ပြီး စျေးကွက်ထဲမှာ အောင်မြင်ခဲ့တဲ့ဖုန်းတစ်လုံးလို့ ပြောလို့ရပါတယ်။ အဆိုပါ Galaxy A10 ရဲ့ Next Gen စမတ်ဖုန်းတစ်လုံးဖြစ်တဲ့ Galaxy A11 မှာတော့ သိသိသာသာအဆင့်မြှင့်တင်မှုတွေပြုလုပ်လာတော့မှာပါ။

Samsung Galaxy A11 ရဲ့ Model Number ဖြစ်တဲ့ SM-A115F ဟာ အခုအချိန်မှာ US FCC Certification နဲ့ Wi-Fi Alliance Certification တွေကို ရရှိပြီးဖြစ်ပြီးဖြစ်ပါတယ်။ ဒါ့အပြင် 91Mobiles ကနေလည်း စိတ်ဝင်စားစရာ ဓါတ်ပုံနဲ့ သတင်းအချို့ ထွက်လာပါသေးတယ်။

အခု 91Mobiles ရဲ့ ဖော်ပြချက်အရတော့ Galaxy A11 စမတ်ဖုန်းဟာ Selfie Camera အတွက် Infinity-O Punch-hole Design နဲ့ ထွက်ရှိလာမှာဖြစ်သလို Triple Camera Setup ကိုပါ အသုံးပြုလာမှာပါ။ ဒါက မနှစ်တုန်းက Galaxy A10 နဲ့ ယှဥ်ရင် သိသိသာသာကို တိုးတက်လာတာဖြစ်ပါတယ်။

ဒါတင်မဟုတ်သေးဘဲ ယခင်တုန်းက ထွက်ရှိခဲ့သလိုမျိုး 4000mAh Battery အစား 5000mAh နဲ့ 6000mAh Battery ကြားရှိလာမယ်လို့ သိရပါတယ်။ Processor ပိုင်းမှာတော့ မနှစ်က Galaxy A10 မှာ အသုံးပြုခဲ့တဲ့ Exynos 7884 Processor ကနေ Snapdragon 625/626 ကို အသုံးပြုလာမှာပါ။ RAM အနေနဲ့ အနည်းဆုံး 2GB နဲ့ Storage ကတော့ 32GB ကနေ စတင်မှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် အခုသတင်းတွေသာ မှန်ကန်တယ်ဆိုရင် Galaxy A11 စမတ်ဖုန်းဟာ လက်ရှိ Xiaomi နဲ့ Realme က ထုတ်လုပ်ထားတဲ့ Budget ဖုန်းတွေကို ကောင်းကောင်းယှဥ်ပြိုင်လာဖွယ်ရှိနေပါတယ်။

Ref – Gizmo China