Samsung ဟာ ယခုနှစ်အတွက် Galaxy A Series အသစ်တွေကို Galaxy A14 5G နဲ့ စတင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ Galaxy A14 5G ဖုန်းဟာ Design ပိုင်းမှာတော့ မနှစ်တုန်းက A13 5G ဖုန်းနဲ့ ဆင်တူပေမယ့် အဆင့်မြှင့်တင်မှုတွေအများအပြားပါဝင်လာတာကိုတွေ့ရပါတယ်။

ပထမဆုံးအဆင့်မြှင့်တင်မှုတစ်ခုကတော့ Galaxy A14 5G ဖုန်းဟာ ယခင်တုန်းက HD+ Resolution Display တွေအစား 6.6″ IPS LCD Display ကိုမှ Full HD+ Resolution ကို ပြောင်းလဲအသုံးပြုလာတာပဲဖြစ်ပါတယ်။ ဒါ့အပြင် Refresh Rate ကိုလည်း 90Hz အထိ ထောက်ပံ့ပေးထားဦးမှာဖြစ်ပါတယ်။

နောက်ထပ် Selfie Camera ပိုင်းကိုလည်း 13MP Sensor နဲ့ အဆင့်မြှင့်တင်ထားတာကို တွေ့ရပါတယ်။ Back Camera အနေနဲ့ကတော့ 50MP Main Camera ၊ 2MP Macro Camera နဲ့ Depth Sensor တွေပါဝင်တဲ့ Triple Camera Setup ကို ထည့်သွင်းထားပါတယ်။

Performance ပိုင်းမှာတော့ MediaTek Dimensity 700 Chipset ကို အသုံးပြုထားပြီး RAM 4GB အပြင် 64GB Storage ပါဝင်မှာဖြစ်ပါတယ်။ Battery ပိုင်းမှာလည်း 5000mAh Battery ပါဝင်ပြီး 15W နဲ့ ပြန်လည်အားသွင်းနိုင်မှာပါ။

Software ပိုင်းအနေနဲ့ Android 13 ကိုအခြေခံထားတဲ့ OneUI 5 ကို အသုံးပြုထားပြီး အရောင်အနေနဲ့ Black ၊ Light Green ၊ Dark Red နဲ့ Silver ဆိုပြီး ၄ မျိုးထွက်ရှိလာမှာဖြစ်ပါတယ်။ စျေးနှုန်းအနေနဲ့ကတော့ US နိုင်ငံအတွင်းမှာ ဒေါ်လာ ၂၀၀ ဝန်းကျင်နဲ့ လာမယ့် ဇန်နဝါရီလ ၁၂ ရက်နေ့ကစတင်ပြီး ရောင်းချသွားမယ်လို့ သိရပါတယ်။

Ref – GSM Arena