Samsung က ဗီယက်နမ်မှာ Galaxy A15 5G, A15 4G နဲ့ A25 5G ကို ကြေညာလိုက်ပါတယ်။ အဲဒီဖုန်းတွေမှာ ပါတဲ့ အဓိက လုပ်ဆောင်ချက် ၁ ခုက Samsung ရဲ့ Key Island ဖြစ်ပါတယ်။  ဖုန်းပတ်လည်က ဘောင်ဒီဇိုင်း ဖြစ်ပြီး ထောင့်စွန်းတွေကို လုံးဝန်းအောင် ပြုလုပ်ထားကာ ကိုင်ရတာ သက်တောင့်သက်သာ ရှိစေပါတယ်။

Samsung Key Island

Galaxy A15 4G နဲ့ A15 5G

Galaxy A15 4G နဲ့ 5G မှာ တူညီတဲ့ Specs တွေ ပါလာပေမယ့် Chipset ကွဲပြားပါတယ်။ 4G မှာ Helio G99 , 8GB RAM နဲ့ 128/256GB Storage ပါပါတယ်။ 5G မှာ Dimensity 6100 Plus , 8GB RAM နဲ့ 256GB Storage ထည့်သွင်းထားပါတယ်။

ဖုန်း ၂ လုံးစလုံးမှာ 6.5” S-AMOLED Infinity-U Notch မျက်နှာပြင် ပါလာပြီး FHD+ Resolution ,90Hz Refresh Rate , 800 Nits Brightness ထောက်ပံ့ထားပါတယ်။ 13MP အရှေ့ ကင်မရာနဲ့ 50MP+5MP Ultrawide+2MP Depth အနောက်ကင်မရာတွေ ပါပါတယ်။

Samsung Galaxy A15 5G key specifications, price details tipped

Galaxy A25 5G

Galaxy A25 5G မှာ 6.5” S-AMOLED Infinity-U Notch မျက်နှာပြင် ပါလာပြီး FHD+ Resolution , 120Hz Refresh Rate, 1,000 Nits Brightness ထောက်ပံ့ထားပါတယ်။ Exynos 1280 Chip , 6GB/8GB RAM နဲ့ 128GB Storage ထည့်သွင်းထားပါတယ်။

အရှေ့ဘက်မှာ 13MP ကင်မရာနဲ့ အနောက်ဘက်မှာ 50MP Main (OIS), 8MP Ultrawide , 2MP Depth ကင်မရာတွေ တပ်ဆင်ထားပါတယ်။

Galaxy A25 , Galaxy A15 (4G, 5G) မှာ 25W Fast Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါပါတယ်။ ဘေးဘက်လက်ဗွေရာ ကိရိယာမြှုပ်နှံထားပြီး Android 14 အခြေပြု One UI 6.0 မောင်းနှင်ထားပါတယ်။

ဈေးနှုန်း

တန်ဖိုးအနည်းဆုံး မော်ဒယ် အနေနဲ့ Galaxy A15 4G နဲ့ 5G ဟာ ၂၀၅ ဒေါ်လာနဲ့ ၂၆၀ ဒေါ်လာ အသီးသီး ကျသင့်မှာပါ။ A25 ကိုတော့ ၂၇၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။ Personality Yello, Fantasy Blue, Optimistic Blue နဲ့ Ban Linh Black အရောင်တွေ ထုတ်လုပ်ထားပါတယ်။

Ref : gizmochina