Galaxy As ဖုန်း ၃ လုံးအတွက် Android 12 အခြေပြု One UI 4.1 ကို ဖြန့်ချိပေးလိုက်ပါတယ်။ Update မှာ ဇွန်လအတွက် Security Patch ပါလာပြီး လုံခြုံရေးဟာကွက် ၆၅ ခုကို ပြင်ဆင်ပေးထားပါတယ်။ အဲဒီဖုန်း ၃ လုံးက Galaxy A21s, A02s နဲ့ A03s တို့ ဖြစ်ပါတယ်။

Samsung Galaxy A02s 64GB Unlocked – IP HARDWARE COMMUNICATIONS

Update မှာ Samsung App များစွာကို အဆင့်မြှင့်ပေးထားပါတယ်။ ဥပမာအနေနဲ့ Gallery မှာ Album Sorting ပိုကောင်းလာပြီး Stories လုပ်ဆောင်ချက် အဆင့်မြင့်လာပါတယ်။ ဓါတ်ပုံ အဟောင်းတွေကို အလိုအလျှောက် မွမ်းမံပေးနိုင်လာပြီး Edit လုပ်ထားတာတွေကို လွယ်ကူစွာ Undone လုပ်နိုင်ပါတယ်။ ဓါတ်ပုံတွေကို မျှဝေခြင်း မပြုခင်မှာ အချိန်နဲ့ တည်နေရာဒေတာတွေကို ဖျက်နိုင်တဲ့ Privacy လုပ်ဆောင်ချက် ပါလာပါတယ်။

Buy Samsung Galaxy A03s - 3GB of RAM - Black

နောက်ထပ် Privacy လုပ်ဆောင်ချက်က ကင်မရာနဲ့ မိုက်ကရိုဖုန်းကို သုံးနေရင် အသိပေးတာပါ။ ဘရောက်စာကို Secret Mode နဲ့ ဖွင့်နိုင်တဲ့ Search Widget အသစ် ထည့်သွင်းထားပြီး Samsung Keyboard မှာ Grammarly ရဲ့ ဘာသာစကား အကြံပြုချက် ပါလာပါတယ်။

Update မှာ Picture-in-picture Mode, Samsung Widget, Calendar App, Dark Mode တွေ ပိုကောင်းလာပါတယ်။ A21s နဲ့ A02s ဟာ One UI 4.1 နဲ့ A03s မှာ One UI 4.1 Core ကို ရသွားတာပါ။

Firmware Version တွေက Galaxy A21s အတွက် A217FXXU8DVF6 ၊ A02s အတွက် A025FXXU4CVF4 နဲ့ A03s အတွက် A037FXXU1BVFB တို့ ဖြစ်ပါတယ်။

Ref : gsmarena