Samsung Galaxy A32 5G ရဲ့ သတင်းတွေထွက်နေတာ ပြီးခဲ့တဲ့ လကတည်းက ဖြစ်ပြီး အခုတော့ Bluetooth SIG မှာ မှတ်ပုံတင်လိုက်ပါပြီ။ အဲဒီအတွက် ကြေညာဖို့ နီးသထက်နီးလာနေပါပြီ။

Galaxy A32 5G gets Bluetooth certified

Bluetooth SIG Website မှာ Samsung Galaxy A32 5G ရဲ့ Specifications တွေကို ဘာမှ မပြောထားသေးဘဲ Bluetooth 5.0 ဆက်သွယ်မှု ပါမယ်လို့ပဲ ဖော်ပြထားပါတယ်။ ဒါ့အပြင် SM-A326B_DS, SM-A326BR_DS နဲ့ SM-A326B မော်ဒယ် ၃ မျိုး ဖော်ပြထားပြီး နောက်ဆုံး မော်ဒယ်ကို HTML5 နဲ့ Geekbench မှာ တွေ့ခဲ့ရပြီးပြီ ဖြစ်ကာ Android 11  , 4GB RAM နဲ့ Dimensity 720 SoC တွေ ပါလာမယ်လို့ ဖော်ပြထားပါတယ်။

Galaxy A32 5G ကို FCC မှာ တွေ့ခဲ့ရပြီ ဖြစ်ပြီး မော်ဒယ်နံပါတ်က SM-A326J ဖြစ်ကာ NFC Support နဲ့ 15W In-box Charger ပါလာမယ်လို့ သိရပါတယ်။

Samsung ကတော့ Galaxy A32 5G အကြောင်း ဘာမှ မပြောသေးဘဲ ရေငုံနှုတ်ပိတ်နေနေပါသေးတယ်။ ပေါက်ကြားထွက်ပေါ်နေတဲ့ ဓါတ်ပုံတွေအရ အဲဒီ စမတ်ဖုန်းမှာ  ၆.၅ လက်မ Infinity-V မျက်နှာပြင် ပါလာမှာ ဖြစ်ပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၄ လုံးနဲ့ ဘေးဘက်လက်ဗွေရာ အာရုံခံကိရိယာ မြှပ်နှံထားမှာ ဖြစ်ပြီး  နားကြပ်ပေါက်နဲ့ USB-C Port ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

Ref : gsmarena