Samsung ကနေ ပြီးခဲ့တဲ့လပိုင်းတုန်းက Galaxy A32 5G ဖုန်းအတွက် Android 12 ကို အခြေခံထားတဲ့ OneUI 4.1 Update ကို ထုတ်ပေးခဲ့ပါတယ်။ အခုအချိန်မှာတော့ Samsung ဟာ Galaxy A32 4G Version အတွက်ပါ Android 12 OS Update ပါဝင်လာတဲ့ OneUI 4.1 ကို ထုတ်ပေးလိုက်ပါပြီ။

အဆိုပါ Galaxy A32 အတွက် OneUI 4.1 Update ဟာ Firmware Number အနေနဲ့ A325FXXU2BVD6 နဲ့ ထွက်ရှိလာတာဖြစ်ပြီး UI အသစ်အပြင် Feature အသစ်တွေလည်းပါဝင်လာမှာဖြစ်ပါတယ်။ OS Upgrade ဖြစ်သွားတဲ့အပြင် Android Security Patch Level ကိုလည်း April 1, 2022 အထိ ထည့်သွင်းပေးလာတာကို တွေ့ရပါတယ်။

လောလောဆယ်မှာတော့ Samsung ဟာ Galaxy A32 အတွက် OneUI 4.1 Update ကို India နိုင်ငံအတွက်ပဲ ထုတ်ပေးထားတယ်လို့ သိရပါတယ်။ ဒါပေမယ့် တခြားသော Region တွေအနေနဲ့ကတော့ လာမယ့်ရက်ပိုင်းမှာ ရရှိလာနိုင်တာကြောင့် Update ကို အမြဲစစ်ဆေးသင့်ပါတယ်။

OneUI 4.1 ကို Update ပြုလုပ်ဖို့အတွက်ကတော့ Samsung Galaxy A32 ဖုန်းရဲ့ Settings ထဲကို ဝင်ရောက်ပြီး Software Update ကနေတစ်ဆင့် Download ပြုလုပ်ပြီး Update လုပ်နိုင်မှာဖြစ်ပါတယ်။ OS Upgrade ဖြစ်တာကြောင့် Download ပြုလုပ်ရတဲ့ File Size က ကြီးမားနိုင်ပြီး Update ပြုလုပ်တဲ့အချိန်မှာ Battery လည်း အလုံအလောက်ရှိထားဖို့ လိုအပ်ပါတယ်။

Ref – GSM Arena