Samsung Galaxy A51 ဟာ ယခုနှစ်အတွက် တကမ္ဘာလုံးမှာ ရောင်းအားအကောင်းဆုံးစမတ်ဖုန်းတစ်လုံးအနေနဲ့ ရပ်တည်နေတာဖြစ်ပါတယ်။ Samsung ကနေ အဆိုပါ Galaxy A51 ကို တချို့သော Region တွေမှာ 5G Version အနေနဲ့ မိတ်ဆက်ခဲ့သလို Galaxy A51s ဆိုပြီးလည်း အနည်းငယ်အဆင့်မြှင့်တင်ပြီး မိတ်ဆက်ခဲ့ပါသေးတယ်။

အခုအချိန်မှာတော့ Galaxy A51 ရဲ့ မျိုးဆက်သစ် Mid Range ဖုန်းအသစ်ဖြစ်လာမယ့် Galaxy A52 ရဲ့ သတင်းတွေစတင်ပေါက်ကြားလာခဲ့ပြီဖြစ်ပါတယ်။ အဆိုပါသတင်းကိုတော့ GalaxyClub ကနေ ဖော်ပြခဲ့တာဖြစ်ပါတယ်။

Galaxy A52 ဟာ A51 လိုမျိုးပဲ Quad Camera Setup ကို ဆက်လက်အသုံးပြုလာဦးမှာဖြစ်ပေမယ့် Primary Sensor ကိုတော့ 48MP ကနေ 64MP Sensor ကို အဆင့်မြှင့်တင်လာမယ်လို့ သိရပါတယ်။ ကျန်တဲ့ Sensor တွေကိုတော့ အတိအကျမသိရှိရသေးပေမယ့် Galaxy A51 လိုမျိုးပဲ Ultrawide ၊ Macro နဲ့ Depth Sensor တွေဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။

Samsung ဟာ Galaxy A Series ဖုန်းအသစ်တွေကို ပုံမှန်အားဖြင့် နှစ်ကုန်ပိုင်းမှာ မိတ်ဆက်လေ့ရှိပြီး ပြီးခဲ့တဲ့ Galaxy A51 ကလည်း ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် Galaxy A52 ကိုလည်း ယခုနှစ်ကုန်ပိုင်းမှပဲ တခြားသော A Series ဖုန်းအသစ်တွေနဲ့အတူ မိတ်ဆက်သွားမယ်လို့ ယူဆရပါတယ်။

ဘာပဲဖြစ်ဖြစ် Samsung ဟာ Galaxy A52 ဖုန်းအတွက် Camera ပိုင်းအဆင့်မြှင်တင်မှုတွေအပြင် အခုနောက်ပိုင်း Mid Rang ဖုန်းတွေမှာ ခေတ်စားလာတဲ့ High Refresh Rate Display နဲ့ Fast Charging တွေကိုပါ ထည့်သွင်းလာနိုင်မလားဆိုတာက စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

Ref – Gizmo China