Samsung ကနေထုတ်လုပ်နေတဲ့ Galaxy A Series ဖုန်းတွေဟာ လက်ရှိ တကမ္ဘာလုံးမှာ ရောင်းအားအကောင်းဆုံးစမတ်ဖုန်းတွေလို့ ပြောနိုင်ပြီးတော့ တစ်နှစ်ထက် တစ်နှစ် အဆင့်မြှင့်တင်မှုတွေလည်းပါဝင်လာတာဖြစ်ပါတယ်။ အခုလည်း Samsung ကနေ နောက်နှစ်မှာ အဆင့်မြှင့်တင်မှုတစ်ခုကို ဆောင်ရွက်လာဦးမှာပါ။

ဒါကတော့ လာမယ့် ၂၀၂၃ ခုနှစ်မှာ မိတ်ဆက်သွားမယ့် Galaxy A54 စမတ်ဖုန်းဟာ Camera ပိုင်းကို အဆင့်မြှင့်တင်လာမှာပဲဖြစ်ပါတယ်။ အခုလိုမျိုး အဆင့်မြှင့်တင်သွားမယ်ဆိုပေမယ့် Megapixel ပိုင်းမှာတော့ လက်ရှိ A53 ဖုန်းမှာပါဝင်တဲ့ 64MP Main Camera ကနေ 50MP Main Camera ကို လျော့ကျသွားမှာဖြစ်ပါတယ်။

အခုလိုမျိုး Megapixel အရ လျော့ကျသွားပေမယ့် Galaxy A54 ဖုန်းမှာ အသုံးပြုလာမယ့် 50MP Primary Sensor ဟာ အရည်အသွေးပိုင်းမှာ သိသိသာသာတိုးတက်လာမှာဖြစ်ပါတယ်။ တစ်ချို့သော သတင်းတွေအရဆိုရင် Galaxy A54 ဖုန်းဟာ ယခုနှစ် Flagship ဖုန်းတွေဖြစ်တဲ့ Galaxy S22 နဲ့ Galaxy S22+ ဖုန်းတွေမှာ အသုံးပြုထားတဲ့ 50MP Main Camera Sensor ကိုပဲ အသုံးပြုလာမယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် Samsung Galaxy A Series ဖုန်းတွေဟာ လက်ရှိအချိန်မှာ All-Rounder တော်တော်လေးကောင်းတဲ့ဖုန်းတွေအဖြစ် လူသိများသလို လာမယ့်နှစ်မှာ မိတ်ဆက်မယ့် Galaxy A54 ကတော့ Camera ပိုင်းမှာ အများကြီး ပိုမိုကောင်းမွန်လာမှာ သေချာနေပါပြီ။

Ref – GSM Arena