Samsung က Galaxy A56 ကို ကြေညာလိုက်ပြီး 45W Wired Charging ပါလာပါတယ်။ Exynos 1580 Chip ထည့်သွင်းထားပြီး 6.7” Super AMOLED Display တပ်ဆင်ထားပါတယ်။ Display ရဲ့ လေးဘက်လေးတန်က ဘောင်တွေဟာ တော်တော် ပါးလွှာပါတယ်။

Samsung launched a $130 phone with 6 years of software updates - Sammy Fans

အထူက ၇.၄ မီလီမီတာ ရှိပြီး ကင်မရာ Island ကို ဆန်းသစ်ထားပါတယ်။ ကင်မရာ Island ဟာ ငေါထွက်နေတာ သိပ်မရှိတော့ပါဘူး။

Exynos 1580 Chipset ပါတဲ့ ပထမဆုံး ဖုန်း ဖြစ်ပြီး စွမ်းဆောင်ရည်က အရင်မျိုးဆက်ထက် ၃၇ ရာခိုင်နှုန်း တိုးတက်လာပါတယ်။ သတင်းထွက်နေသလို 12GB RAM မပါလာဘဲ 8GB RAM ပဲ ထည့်ထားပါတယ်။

Display က 1,900 Nits Brightness ကို ထုတ်ပေးနိုင်ပြီး Full HD+ Resolution ရှိပါတယ်။ Gorilla Glass Victus+ နဲ့ ကာကွယ်ထားပါတယ်။ အနောက်ဘက်မှာလည်း Victus+ နဲ့ ဖုံးအုပ်ထားပါတယ်။

အနောက်ဘက်မှာ 50MP Main , 12MP Ultra-wide နဲ့ 5MP Macro ကင်မရာ ၃ လုံး ပါလာပြီး အရှေ့ဘက်မှာ 12MP ဆဲလ်ဖီး ကင်မရာ ပါပါတယ်။

Samsung က ၆ နှစ် OS Update နဲ့ Security Update ပေးမယ်လို့ ပြောထားပါတယ်။ Android 15 အခြေပြု One UI 7.0 မောင်းနှင်ထားပြီး ဆန်းသစ်ထားတဲ့ UI ပါလာပါတယ်။ Circle to Search က Screen ပေါ်က သတင်းအချက်အလက်တွေကို ရှာဖွေနိုင်ပါတယ်။

Samsung က မိနစ် ၃၀ အတွင်း ၆၅ ရာခိုင်နှုန်း အားသွင်းပေးနိုင်တဲ့ 5,000mAh Battery ထည့်ထားတယ်လို့ ပြောပါတယ်။

Galaxy A56 အတွက် Graphite Gray, Light Gray, Olive နဲ့  Pink အရောင်တွေ ထုတ်လုပ်ထားပြီး 128GB Version ကို ၄၉၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Ref: gsmarena