Samsung က သူ့ဖုန်းတွေအတွက် Android 10 Software Update ရဖို့ မြန်မြန် ပြုလုပ်ပေးနေပါတယ်။ ပြီးခဲ့တဲ့နှစ်ထုတ် Galaxy A30 နဲ့ A50s အတွက် Android 10 ကို စမ်းသပ်နေပြီဖြစ်ပြီး အခုတော့ Galaxy A70 အတွက် Android 10 အခြေပြု One UI 2.0 ကို ဖြန့်ချိပေးလိုက်ပါတယ်။ ယူကရိန်းမှာ အဲဒီဖုန်းအတွက် Android 10 ကို စတင် ဖြန့်ချိပေးလိုက်ပြီ ဖြစ်ပြီး မကြာခင်မှာ တခြား နိုင်ငံတွေမှာ ရတော့မယ်လို့ ထင်ပါတယ်။

Update ကို Over-the-Air ကနေ ဖြန့်ချိပေးလိုက်တာ ဖြစ်ပြီး ဖိုင်အရွယ်အစားက 2.06GB ရှိပါတယ်။ Android 10 အခြေပြု One UI 2.0 မှာ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလအတွက် Security Patch ထည့်သွင်းထားပြီး Firmware Version က A705FNXXU5BTB9 ဖြစ်ပါတယ်။

Samsung က Galaxy A70 အတွက် Android 10 အခြေပြု One UI 2.0 ကို ဧပြီလမှာ ဖြန့်ချိပေးမယ်လို့ အရင်က ကြေညာထားတာ ဖြစ်ပြီး အခုလို ၁ လလောက်စောပြီး ဖြန့်ချိပေးခဲ့တဲ့အတွက် Galaxy A70 ကိုင်ထားသူတွေအတွက် ဝမ်းသာစရာပါ။  ဒါမှမဟုတ် ကုမ္ပဏီက ဧပြီလမှာ နိုင်ငံအားလုံးမှာ ရရှိဖို့ ရည်မှန်းထားတာ ဖြစ်နိုင်ပါတယ်။

Update မှာ System-wide Dark Mode နဲ့ တခြား အလန်းစား လုပ်ဆောင်ချက်တွေပါလာပါတယ်။ သင့် ဖုန်းမှာ Update ရပြီလားဆိုတာ သိချင်ရင် Settings> System Update မှာ လေ့လာနိုင်ပါတယ်။

Ref : gsmarena , tizenhelp