Samsung ဟာ Galaxy Buds Beyond အမည်ရ TWS နားကြပ် အသစ် ၁ ခုကို ကြေညာဖို့ ပြင်ဆင်နေပါတယ်။ နာမည်ကတော့ တော်တော် Fancy ကျပြီး Galaxy Buds Live ရဲ့ မျိုးဆက်သစ် ဖြစ်လာမှာပါ။ Galaxy S21 Series နဲ့အတူ Galaxy Buds Beyond ကို ကြေညာနိုင်ပါတယ်။
Samsung Galaxy Buds Beyond ကို အခုတော့ 3C (China Compulsory Certification) မှာ မှတ်ပုံတင်ထားပြီ ဖြစ်ပြီး ဘက်ထရီ ပမာဏကို 472mAh လို့ ဖော်ပြထားပါတယ်။
အဲဒီ ဘက်ထရီ ပမာဏဟာ Galaxy Buds Live နဲ့ တူညီတဲ့အတွက် Beyond ဟာ Live ရဲ့ မျိုးဆက်ဆိုတာ ပိုသေချာသွားပါတယ်။ နောက်ထပ် သက်သေ ၁ ခုက မော်ဒယ်နံပါတ် ဖြစ်ပြီး Live ဟာ EB-BR170ABU နဲ့ Beyond ဟာ EB-BR190ABY ဖြစ်ပါတယ်။
Samsung Galaxy Buds Beyond ရဲ့ ဒီဇိုင်းဟာလည်း Galaxy Buds Live နဲ့ လုံးဝ တူညီမှာ သေချာပါတယ်။ ဒါပေမယ့် Beyond ရဲ့ ဓါတ်ပုံတွေ မထွက်လာသေးတဲ့အတွက် ကျိန်းသေပေါက်ပြောလို့ မရသေးပါဘူး။ ဒီဇိုင်း အသစ်ကိုလည်း အသုံးပြုကောင်းပြုထားနိုင်ပါတယ်။ Stem ပါလာနိုင်သလို Rubber/Plastic Hook နဲ့လည်း ထွက်လာနိုင်ပါတယ်။
Ref : gsmarena