Samsung ပူပူနွေးနွေး ကြေညာထားတဲ့ Galaxy Buds+ အတွက် ပထမဆုံး Firmware Update ကို ဖြန့်ချိပေးလိုက်ပြီး နောက်ကွယ်က Noise ကို ပြင်ဆင်ထားပါတယ်။ ဒါ့အပြင် ဆော့ဖ်ဝဲကို ပိုတည်ငြိမ်အောင် ဖန်တီးထားပါတယ်။ Update Version ရဲ့ နာမည်က R175XXUOATB5 ဖြစ်ပြီး တောင်ကိုရီးယားနဲ့ ဂျာမနီနိုင်ငံတွေမှာ စတင် ရရှိနေပါပြီ။ ဖိုင်အရွယ်အစား က 1.2MB ပဲရှိပါတယ်။

Update မှာ စမတ်ဖုန်းတွေနဲ့ Pair လုပ်ရင် ကြာတဲ့ ပြဿနာကို ဖြေရှင်းထားပြီး အစောပိုင်းက User တွေ သတင်းပို့ထားတဲ့ Disconnect ပြဿနာကိုလည်း ပြင်ဆင်ပေးထားပါတယ်။ လာမယ့် ရက်သတ္တပတ်တွေအတွင်းမှာ တခြား နိုင်ငံတွေအတွက် ဖြန့်ချိပေးမယ်လို့ ထင်ပါတယ်။ သင့် Galaxy Buds+ မှာ Update လုပ်ဖို့အတွက် Pair လုပ်ထားတဲ့ စမတ်ဖုန်းမှ Galaxy Wearable App မှာ စစ်ဆေးဖို့ လိုအပ်ပါတယ်။

Galaxy Buds+ ဟာ Samsung ရဲ့ ဒုတိယမျိုးဆက် True Wireless Headset ဖြစ်ပြီး နာမည်ကျော် AKG က Tune လုပ်ထားတဲ့ 2-way Speakers (Woofer + Tweeter) တွေပါလာတဲ့အတွက် အသံအရည်အသွေးပိုလန်းလာပါတယ်။ အမေရိကန်မှာ ၁၅၀ ဒေါ်လာ သတ်မှတ်ထားပြီး မြန်မာငွေ ၂ သိန်းလောက်ရှိပါတယ်။

Galaxy Buds+ App အသစ်ကို Android နဲ့ iOS Device ၂ မျိုးစလုံးမှာ သုံးနိုင်လာပါတယ်။ Active Noise Cancellation မပါပေမယ့် မိုက်ကရိုဖုန်း ၃ လုံးပါလာပြီး နားကြပ်တပ် သီးချင်းနားထောင်နေရင်တောင် ပတ်ဝန်းကျင်က ကားဟွန်းတီးသံလို အသံတွေကို ကြားရအောင် ဖန်တီးထားပါတယ်။ နားကြပ်ရဲ့ ဘက်ထရီတွေကနေ ၁၁ နာရီလောက် သီချင်းနားထောင်နိုင်ပြီး Case မှာ တပ်ဆင်လိုက်ရင် ၂ ဆ ပို အသုံးခံပါတယ်။ အနက်၊ အဖြူ၊ အပြာနဲ့ အနီရောင်တွေ ထုတ်လုပ်ထားပါတယ်။

Ref : gsmarena