Samsung ကနေ လာမယ့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ Galaxy S20 Series စမတ်ဖုန်းအသစ်တွေကို မိတ်ဆက်သွားတော့မှာပါ။ အဆိုပါ Galaxy Unpacked Event မှာ S20 Series စမတ်ဖုန်းတွေအပြင် Galaxy Buds+ Earbuds အသစ်တွေကိုပါ မိတ်ဆက်လာမှာဖြစ်ပါတယ်။

ယခင်တုန်းကတော့ ဒီ Galaxy Buds+ ရဲ့ Specs တွေနဲ့ Render ဓါတ်ပုံတွေပဲ ပေါက်ကြားခဲ့ဖူးပေမယ့် အခုအချိန်မှာ Hands-on Video တစ်ခုထွက်ပေါ်လာခဲ့ပါတယ်။ အဆိုပါ Video ကို Leakster တစ်ဦးဖြစ်တဲ့ Roland Quandt ကနေ ဖော်ပြခဲ့တာဖြစ်ပြီး Packing အပြင် Feature အချို့ကိုပါ ပြောပြသွားတာဖြစ်ပါတယ်။

Galaxy Buds+ ဟာ iPhone တွေနဲ့လည်း တွဲဖက် အသုံးပြုနိုင်မှာဖြစ်ပြီး Samsung ကနေ Galaxy Buds+ အတွက် App ကိုလည်း App Store မှာ တင်ထားခဲ့ပြီးဖြစ်ပါတယ်။ ဒါက မနှစ်တုန်းက Galaxy Buds ထက် သိသာတဲ့အပြောင်းအလဲတစ်ခုဖြစ်လာမှာပါ။

Samsung Galaxy Buds+ ဟာ ပိုပြီး အရွယ်အစားကြီးမားတဲ့ 85mAh Battery ပါဝင်မှာဖြစ်ပြီး ဆက်တိုက်သီချင်းနားထောင်မယ်ဆိုရင် ၁၁ နာရီနဲ့ ဖုန်းပြောဆိုမယ်ဆိုရင် ၇နာရီခွဲခန့်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Charging Case နဲ့ပါ ထည့်ပေါင်းမယ်ဆိုရင် စုစုပေါင်း သီချင်းနားထောင်ချိန် ၂၂ နာရီနဲ့ စကားပြောချိန် ၁၅ နာရီအထိရရှိလာမှာဖြစ်ပါတယ်။


Samsung Galaxy Buds+ ရဲ့ စျေးနှုန်းတွေကိုတော့ အတိအကျမသိရှိရသေးပေမယ့်လည်း US Price အရတော့ ပြီးခဲ့တဲ့ Galaxy Buds ထက် ဒေါ်လာ ၂၀ ဝန်းကျင်စျေးပိုများမှာဖြစ်ပြီး ဒေါ်လာ ၁၇၀ ဝန်းကျင် ကျသင့်မှာဖြစ်ပါတယ်။

Ref – Phone Arena