Samsung ဟာ ဇန်နဝါရီလမှာ F Series စမတ်ဖုန်း အသစ် ၁ လုံးကို ကြေညာတော့မယ်လို့ သတင်းထွက်လာပါတယ်။ 91mobiles က ဒီသတင်းကို မျှဝေလိုက်တာ ဖြစ်ပြီး စမတ်ဖုန်း အမည်ကို မပြောပါဘူး။ ဒါပေမယ့် အဲဒီ စမတ်ဖုန်းဟာ Galaxy F14 ဖြစ်နိုင်ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ပထမ အပတ်ထဲမှာ ကြေညာနိုင်ပါတယ်။ အိန္ဒိယမှာ Flipkart နဲ့ Samsung E-store တို့ကနေပဲ ရောင်းချမှာ ဖြစ်ပါတယ်။

Galaxy F14 ကို မကြာခင်က Bureau of Indian Standards (BIS) ဝက်ဘ်ဆိုက်မှာ တွေ့ခဲ့ရပြီး မော်ဒယ်နံပါတ်က SM-E146B/DS ဖြစ်ပါတယ်။ 5G ဖုန်း ဖြစ်ပြီး Galaxy F13 ရဲ့ မျိုးဆက်ဖြစ်ပါတယ်။

Samsung-Galaxy-F13

လက်ရှိမှာ Galaxy F14 ရဲ့ သတင်းအချက်အလက်တွေကို မသိရသေးပေမယ့် အရင်မျိုးဆက် Galaxy F13 ရဲ့ Specs တွေကို ပြန်လည်လေ့လာကြည့်ရအောင်။

Galaxy F13 4GB/64GB (Awesome-Blue) - Features & Specs | Samsung India

Galaxy F Series တွေမှာ Samsung ဟာ အရွယ်ကြီး ဘက်ထရီတွေကို ထည့်သွင်းပေးလေ့ရှိပါတယ်။ Galaxy F13 မှာ 6,000mAh ဘက်ထရီ တပ်ဆင်ထားပြီး F14 မှာလည်း အလားတူ ဘက်ထရီ ပါလာနိုင်ပါတယ်။ Galaxy F13 မှာ ၆.၆ လက်မ LCD FHD+ မျက်နှာပြင်နဲ့ Exynos 850 Chipset ထည့်သွင်းထားပါတယ်။ 4GB RAM နဲ့ 128GB Storage တပ်ဆင်ထားပြီး microSD Card Slot ပါပါတယ်။

15W Charging နဲ့ ဘေးဘက်လက်ဗွေရာ ကိရိယာ ထည့်သွင်းထားပြီး အနောက်ဘက်မှာ 50MP Main , 5MP Ultrawide Angle နဲ့ 2MP Macro ကင်မရာ ၃ လုံး တပ်ဆင်ထားပါတယ်။ ဆဲလ်ဖီး ကင်မရာက 8MP ဖြစ်ပါတယ်။

Ref : gizmochina