Samsung ဟာ မကြာသေးခင်ကမှ Mid Range စမတ်ဖုန်းတွေဖြစ်တဲ့ Galaxy A34 ၊ Galaxy A54 ဖုန်းတွေကို စျေးကွက်အတွင်းမှာ မိတ်ဆက်ထားခဲ့ပါတယ်။ အဆိုပါ Galaxy A Series ဖုန်းသစ်တွေဟာ စွမ်းဆောင်ရည်ပိုင်းနဲ့ ဒီဇိုင်းပိုင်းမှာ အဆင့်မြှင့်တင်ထားပေမယ့် Camera ပိုင်းမှာတော့ 50MP Camera Sensor ကိုပဲ အမြင့်ဆုံး ထည့်သွင်းပေးခဲ့ပါတယ်။

အခုနောက်ဆုံးထွက်ပေါ်လာတဲ့သတင်းတွေအရ Samsung ဟာ နောက်ထပ် Mid Range ဖုန်းအသစ်တစ်လုံးကို မိတ်ဆက်ဖို့ စီစဥ်နေပြီး Camera ပိုင်းမှာ 108MP Camera Sensor ကို အသုံးပြုလာမယ်လို့ သိရပါတယ်။ အဆိုပါ ဖုန်းဟာ Galaxy A Series အစား Galaxy F54 အနေနဲ့ မိတ်ဆက်သွားမှာဖြစ်ပါတယ်။

ယခုသတင်းကို SlashLeaks ကနေ ဖော်ပြခဲ့တာဖြစ်ပြီး လာမယ့် ဧပြီလကုန်ပိုင်းမှာ အိန္ဒိယနိုင်ငံအတွင်းမှာ အရင်ဆုံးမိတ်ဆက်ဖို့ စီစဥ်ထားတယ်လို့ သိရပါတယ်။ Design ပိုင်းမှာ Galaxy A Series ဖုန်းတွေနဲ့ ဆင်တူမှာဖြစ်ပေမယ့် စွမ်းဆောင်ရည်ပိုင်းမှာ Galaxy A54 ထက် အနည်းငယ်အားနည်းနိုင်ပါတယ်။

ဒါကြောင့် Galaxy F54 ဖုန်းဟာ 108MP Main Camera Sensor ၊ 8MP Ultrawide နဲ့ 2MP Macro Sensor တွေပါဝင်တဲ့ Triple Camera Setup ၊ 32MP Punch-hole Selfie Camera ထည့်သွင်းထားတဲ့ 6.7″ Full HD+ 120Hz AMOLED Display ကို အသုံးပြုထားမှာဖြစ်ပါတယ်။ Fingerprint Sensor ကိုတော့ Under-display အစား Side-mounted Fingerprint Sensor ကိုပဲ ထည့်သွင်းပေးထားပြီး Android 13 ကို အခြေခံထားတဲ့ One UI 5.1 ပါဝင်မယ်လို့ သိရပါတယ်။

Galaxy F54 ဖုန်းရဲ့ စျေးနှုန်းကို အတိအကျမသိရသေးပေမယ့် Samsung ရဲ့ Galaxy A54 ဖုန်းထက် ပိုမိုသက်သာနိုင်တာကြောင့် Camera ပိုင်း ဦးစားပေးထားတဲ့ Mid Range ဖုန်းတစ်လုံးဖြစ်လာနိုင်ပါတယ်။

Ref – Gizmo China