ပြီးခဲ့တဲ့လက ကြေညာခဲ့တဲ့ Samsung Galaxy Fit2 ဟာ အခုအချိန်မှာတော့ အိန္ဒိယဈေးကွက်ကို ရောက်ရှိပြီ ဖြစ်ပါတယ်။ အိန္ဒိယမှာရောင်းချတဲ့ဈေးနှုန်းက $55 (၇ သောင်းစွန်းစွန်း) ဖြစ်တာကြောင့် အမေရိကမှာ ရောင်းချတဲ့ဈေးနှုန်းထက် $5 (၆ ထောင့် ၅ ရာဝန်းကျင်) လျော့နည်းနေတာလည်း တွေ့ရပါတယ်။

1.1-inch color AMOLED မျက်နှာပြင်၊ 294×196 pixel, 3D curve glass နဲ့ Samsung Galaxy Fit2 ကို Black နဲ့ Scarlet ဆိုပြီး အရောင်နှစ်မျိုးနဲ့ ရရှိနိုင်မှာပါ။ Samsung ရဲ့ တရားဝင်ဝက်ဘ်ဆိုက်နဲ့ Amazon.in တွေအပြင် အိန္ဒိယနိုင်ငံတစ်ဝန်းက လက်လီအရောင်းဆိုင်တွေမှာလည်း ဝယ်ယူနိုင်ပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က ဖြန့်ချိခဲ့တဲ့ Galaxy Fit ကို ဆက်ခံတဲ့ ဒုတိယမျိုးဆက် Fitness tracker ဟာ ပိုကြာရှည်ခံတဲ့ ဘက်ထရီသက်တမ်းနဲ့ ပိုကြီးတဲ့မျက်နှာပြင်အပါအဝင် လုပ်ဆောင်မှုပိုင်းဆိုင်ရာတွေမှာလည်း အဆင့်မြှင့်တင်ထားတာကို တွေ့နိုင်ပါတယ်။ ပထမမျိုးဆက်နဲ့နှိုင်းယှဉ်ရင်တော့ 0.95-inch ပိုတာကိုလည်း တွေ့နိုင်ပါတယ်။ မျက်နှာပြင် Color depth ဟာ 16M pixels အထိ ရှိတယ်လို့ Samsung က ဆိုပါတယ်။ 3MB RAM, 32MB internal memory ထောက်ပံ့ပေးထားပြီး Photoplethysmography, Accelerometer, Gyro တို့လို Sensor တွေလည်း ထည့်သွင်းပေးထားပါတယ်။ ဆက်သွယ်မှုအတွက်လည်း နောက်ဆုံးပေါ် Bluetooth 5.1 ထောက်ပံ့ထားပါသေးတယ်။

ဘက်ထရီပမာဏဟာ ပထမမျိုးဆက်တုန်းက 120mAh ဖြစ်ပေမယ့် Galaxy Fit2 မှာတော့ 159mAh ဖြစ်လာပြီး တစ်ကြိမ်အားသွင်းရုံနဲ့ ၁၅ ရက်ကြာသုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ Navigation အတွက် One-touch key, Watch face ပေါင်း ၇၀၊ Workout mode ပေါင်း ၉၀, 5ATM နဲ့ IP68 rating လည်း ပါရှိပါတယ်။ Music controller, sleep & Stress tracking တွေအပြင် Hand-wash reminder လည်း ထောက်ပံ့ပေးထားပါသေးတယ်။

Ref: GSM Arena