လာမယ့် ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ Samsung ဟာ Galaxy M02 ကို မိတ်ဆက်မှာ ဖြစ်ပါတယ်။ ဒီဟန်းဆက်ဟာ Galaxy M02s ထက် ပိုပြီးတော့ ဈေးနှုန်းချိုသာတဲ့ ဗားရှင်းလည်း ဖြစ်ပါတယ်။ မော်ဒယ်သစ်ကို အိန္ဒိယရူပီး ၇၀၀၀ (မြန်မာငွေ ၁ သိန်း ၃ သောင်းဝန်းကျင်) အောက်ဈေးနှုန်းနဲ့ရောင်းချမယ်လို့ သိရပါတယ်။

Samsung Galaxy M02 ဟာ 6.5-inch အရွယ်အစား မျက်နှာပြင်နဲ့ဖြစ်ပြီး၊ 720p+ resolution ထောက်ပံ့ပေးပါတယ်။ Infinity-V notch လည်း ပါဝင်မှာ ဖြစ်ပါတယ်။ ဘက်ထရီပမာဏကတော့ 5,000mAh ဖြစ်ပြီး Galaxy M02s နဲ့ အတော်လေးကို တူညီတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ပိုနည်းပါးတဲ့ဈေးနှုန်းအတွက် ကွာခြားသွားတဲ့အပိုင်းတွေတော့ ရှိပါလိမ့်မယ်။

ဒီဟန်းဆက်ကို မော်ဒယ်နံပါတ် SM-M022 နဲ့အတူ Samsung ရဲ့ တရားဝင်ဝက်ဘ်ဆိုက်မှာ ရှာတွေ့နိုင်ပါတယ်။ ဒါ့အပြင် Samsung Thailand ရဲ့ Support page မှာလည်းတွေ့မြင်ရတာကြောင့် အာရှဈေးကွက်အတော်များများမှာ ဖြန့်ချိမယ်လို့ ယူဆရပါတယ်။ တစ်ဘက်ကကြည့်ရင်တော့ Galaxy A02s တွေဟာ M02s တွေနဲ့ တူညီတယ်လို့ ဆိုနိုင်တဲ့အတွက် Galaxy M02 ကလည်း A02 နဲ့ အခြေခံအချက်အလက်တွေ တူညီတယ်လို့ ယူဆနိုင်ပါတယ်။

ဒါကြောင့် Galaxy M02 မှာ MediaTek MT6739W chipset ကိုအသုံးပြုထားပြီး ကျောဘက်မှာ 13MP + 2MP macro နဲ့ အရှေ့ဘက်မှာ 5MP selfie ကင်မရာတွေကို တပ်ဆင်ထားမယ်လို့ မျှော်လင့်ရပါတယ်။ 5,000mAh ဘက်ထရီအတွက်လည်း 7.5W အားသွင်းနှုန်းကို ထောက်ပံ့ထားဖွယ်ရှိပါတယ်။

Ref: GSM Arena