Samsung က စွမ်းရည်သင့် ဖုန်းတွေကို A နဲ့ M Series တွေဆိုပြီး ထုတ်လုပ်ရောင်းချနေပါတယ်။ နောက်ထုတ်မယ့် Galaxy M11 ရဲ့ သတင်းတွေလည်း ထွက်နေပြီး WiFi Alliance မှာ မှတ်ပုံတင်ထားသလို Google Play Console မှာလည်း တွေ့လာရပါပြီ။ အခုတော့ ဓါတ်ပုံနဲ့ Specs အပြည့်အစုံထွက်လာပါတယ်။

Galaxy M11 အတွက် အနက်၊ ခရမ်းနဲ့ မိုးပြာရောင်တွေ ထုတ်လုပ်ထားမှာ ဖြစ်ပြီး ၆.၄ လက်မ 720x1560p LCD ထိတွေ့မျက်နှာပြင် ပါလာမှာပါ။ 8MP ဆဲလ်ဖီး ကင်မရာကို Punch Hole မှာ တပ်ဆင်ထားပြီး 1.8 GHz Octa-core CPU မောင်းနှင်ထားမှာပါ။ Google Play Console မှာ Snapdragon 450 Chipset မောင်းနှင်ထားမယ်လို့ ဖော်ပြထားပြီး 3GB or 4GB RAM နဲ့ 32GB or 64GB Storage တွေ ထုတ်လုပ်ထားမှာပါ။

အနောက်ကင်မရာ ၃ လုံးက 13MP Main , 5MP Ultrawide နဲ့ 2MP Depth တွေ ဖြစ်ပြီး Portrait Mode ကို ထောက်ပံ့ပါတယ်။ 15W Charging ပါတဲ့ 5,000mAh ဘက်ထရီ ပါလာမှာ ဖြစ်ပြီး ဒေတာ ကူးတာနဲ့ အားသွင်းတာ မြန်တဲ့ USB-C Port ထည့်ထားပါတယ်။ Android 10 အခြေပြု One UI 2.0 မောင်းနှင်ထားပြီး 3.5mm Headphone Jack ပါပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ ကိရိယာ မြှပ်နှံထားသလို Face Unlock လည်း ပါပါတယ်။

Ref : gsmarena