Samsung က Galaxy M30 ကို အရင်နှစ် ဖေဖော်ဝါရီလနဲ့ M30s ကို စက်တင်ဘာလမှာ ကြေညာခဲ့ပြီး အခုတော့ M31 ကို ပွဲထုတ်ဖို့ အချိန်ရောက်နေပါပြီ။ Samsung India ဝက်ဘ်ဆိုက်က Galaxy M31 ကို ဒီလ ၂၅ ရက်နေ့မှာ ကြေညာမယ်လို့ သတင်းပေးလိုက်ပါတယ်။

Samsung က Specs အနည်းငယ်ကိုလည်း ဖော်ပြထားပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၄ လုံး ထည့်သွင်းထားမှာ ဖြစ်ပြီး ၁ လုံးက 64MP Main ဖြစ်ပါတယ်။ လက်ဗွေရာ အာရုံခံ ကိရိယာကိုလည်း အနောက်ဘက်မှာ ထည့်သွင်းထားပြီး 6,000mAh ဘက်ထရီ ပါလာမယ်ဆိုတဲ့အတွက် ဘက်ထရီ သက်တမ်းက အရမ်းကို လန်းမှာပါ။ မျက်နှာပြင်က sAMOLED ဖြစ်ပြီး အရွယ်သေး Notch မှာ ဆဲလ်ဖီး ကင်မရာ ထည့်သွင်းထားပါတယ်။

M31 မှာ Qualcomm Snapdragon 665 SoC ဒါမှမဟုတ် Exynos 9611 SoC မောင်းနှင်ထားမယ်လို့ အရင်က သတင်းထွက်ခဲ့ဖူးပါတယ်။ အနောက်ကင်မရာ ၄ လုံးက Main , Ultrawide , Depth Sensor နဲ့ Macro Sensor တွေ ဖြစ်ပါတယ်။

Galaxy M10 နဲ့ M20 ဖုန်းတွေကို အိန္ဒိယမှာ ဇန်နဝါရီလက ကြေညာခဲ့ပါတယ်။ အဲဒီအတွက် နောက်မျိုးဆက် M Series တွေကို ၂၀၂၀ ခုနှစ် ပထမ ၃ လအတွင်းမှာ ချပြနိုင်ပါတယ်။ အဲဒီ ဖုန်းတွေရဲ့ သတင်းတွေကို မကြာခင် ပိုသိလာရမှာပါ။

Ref : gsmarena