Samsung ကနေ Galaxy M Series ဖုန်းသစ်တစ်လုံးဖြစ်တဲ့ Galaxy M31 ကို India နိုင်ငံအတွက်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အဆိုပါ Galaxy M31 ဖုန်းက Camera ပိုင်းနဲ့ Battery ပိုင်းမှာ သိသိသာသာကို အဆင့်မြှင့်တင်လာခဲ့တာလည်းဖြစ်ပါတယ်။

Display ပိုင်းအနေနဲ့ကတော့ 6.4″ Super AMOLED Display ကို အသုံးပြုထားပြီး Infinity-U Notch Design ကို သုံးစွဲထားပါတယ်။ Resolution အနေနဲ့ကတော့ Full HD+ ရှိမှာဖြစ်ပြီး Gorilla Glass 3 ကိုလည်း အသုံးပြုထားတယ်လို့ သိရပါတယ်။

Processor ပိုင်းအနေနဲ့ကတော့ Exynos 9611 Processor ကို အသုံးပြုထားပြီး RAM 6GB နဲ့အတူ Storage ကိုလည်း 64GB နဲ့ 128GB ဆိုပြီးရွေးချယ်နိုင်ဦးမှာပါ။ ဒါပေမယ့် Galaxy M31 ရဲ့ အဓိကအားသာချက်ကတော့ Battery ပိုင်းဖြစ်ပြီး ကြီးမားတဲ့ 6000mAh Battery ကို အသုံးပြုထားတာပဲဖြစ်ပါတယ်။ Charging အနေနဲ့ကတော့ 15W Rapid Charging ကိုပဲ Support ပြုလုပ်မှာဖြစ်ပါတယ်။

Camera ပိုင်းအနေနဲ့ Quad Camera Setup ကို အသုံးပြုထားသလို Primary Sensor ကိုလည်း 64MP အထိ အသုံးပြုထားပါတယ်။ ကျန်တဲ့ Sensor တွေကတော့ 8MP Ultrawide ၊ 5MP Depth Sensor နဲ့ 5MP Macro Sensor တွေပဲဖြစ်ပြီး Video ပိုင်းမှာလည်း 4K Video Recording ကိုပါ Support ပြုလုပ်ဦးမှာဖြစ်ပါတယ်။ Selfie Camera အနေနဲ့ကတော့ 32MP Camera ကို ထည့်သွင်းပေးထားပါတယ်။

Galaxy M31 စမတ်ဖုန်းဟာ Android 10 ကို အခြေခံထားတဲ့ OneUI 2.0 ကို အသုံးပြုလာမှာဖြစ်ပြီး Rear-mounted Fingerprint Sensor ၊ Dolby Atmos ၊ USB-C လိုမျိုး Feature တွေလည်းပါဝင်မှာဖြစ်ပါတယ်။

စျေးနှုန်းအနေနဲ့ကတော့ RAM 6GB + 64GB Version ကို Rs. 14,999 (မြန်မာငွေ ၃ သိန်းဝန်းကျင်) ၊ RAM 6GB + 128GB Version ကိုတော့ Rs. 15,999 (မြန်မာငွေ ၃ သိန်း ၂ သောင်းဝန်းကျင်) ကျသင့်မယ်လို့သိရပါတယ်။

Ref – Gizmo China