Samsung ဟာ ဖေဖော်ဝါရီလမှာ Galaxy M31 ကို ကြေညာခဲ့ပြီး ဇူလိုင်လမှာ Galaxy M31s ကို ချပြခဲ့ပါတယ်။ Samsung က ဒါနဲ့တင် မကျေနပ်နိုင်သေးဘဲ အခုတော့ Galaxy M31 Series ဖုန်း အသစ် ၁ လုံးကို မကြာခင် ကြေညာတော့မယ်လို့ ထင်ပါတယ်။ Galaxy M31 Prime လို့ နာမည်ပေးထားပြီး Amazon.in မှာ အဲဒီဖုန်းရဲ့ ဓါတ်ပုံနဲ့ Specs တွေကို ဖော်ပြထားပါတယ်။

Galaxy M31 Prime မှာ Exynos 9611 SoC နဲ့ 6GB RAM ထည့်သွင်းထားပြီး Storage အနေနဲ့ 64GB နဲ့ 128GB ၂ မျိုး ရွေးချယ်နိုင်မှာပါ။ 512GB microSD Card စိုက်နိုင်ပါတယ်။ 15W နဲ့ USB-C Port ပါတဲ့ အရွယ်ကြီး 6,000mAh ဘက်ထရီ ထည့်ထားတဲ့အတွက် ဘက်ထရီ သက်တမ်း လန်းမှာ သေချာပါတယ်။ စုစုပေါင်း ကင်မရာ ၅ လုံးတောင် ပါလာမှာ ဖြစ်ပြီး အရှေ့ဘက်မှာ Slow-motion နဲ့ 4K ဗီဒီယိုတွေ ရိုက်ကူးနိုင်တဲ့  32MP ကင်မရာ ထည့်ထားမှာပါ။ အနောက်ဘက်မှာ 64MP Main , 8MP Ultrawide , 5MP Macro နဲ့ 5MP Depth ကင်မရာ ၄ လုံး တပ်ဆင်ထားမှာပါ။

M31 Prime ရဲ့ အနောက်ဘက်မှာ လက်ဗွေရာ ကိရိယာ ပါလာမှာ ဖြစ်ပြီး နားကြပ်ပေါက်လည်း ထည့်သွင်းထားမှာပါ။ အရွယ်သေး Notch ပါလာမှာ ဖြစ်ပြီး မျက်နှာပြင် အရွယ်အစားနဲ့ Resolution ကို မသိရသေးပါဘူး။

M31 နဲ့ M31s တို့မှာ FullHD+ AMOLED မျက်နှာပြင်နဲ့ ၆.၄ လက်မနဲ့ ၆.၅ လက်မ မျက်နှာပြင်တွေ အသီးသီး ထည့်သွင်းထားပါတယ်။ အဲဒီအတွက် M31 Prime မှာလည်း အလားတူ မျက်နှာပြင်မျိုး ပါလာနိုင်ပါတယ်။ M31 Prime ရဲ့ ဒီဇိုင်းနဲ့ Specs တွေဟာ အရင်ထွက်ထားတဲ့ M31 Series ဖုန်းတွေနဲ့ အများကြီး တူနိုင်ပါတယ်။

Ref : gsmarena