Samsung ကနေ ပြီးခဲ့တဲ့ဇွန်လတုန်းက MediaTek Helio G80 Chipset ကို အသုံးပြုထားတဲ့ Galaxy M32 ကို မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာတော့ Samsung ကနေ အဆိုပါ Galaxy M32 ကိုမှ 5G Version ကို ထပ်မံမိတ်ဆက်လိုက်ပါပြီ။

အခုမိတ်ဆက်လိုက်တဲ့ Samsung Galaxy M32 5G ဖုန်းဟာ Processor ကို MediaTek Dimensity 720 Chipset ကို ပြောင်းလဲအသုံးပြုထားတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ယခင် Galaxy M32 ဖုန်းထက် ပိုပြီး စွမ်းဆောင်ရည်ပိုကောင်းမွန်လာမှာပါ။ RAM နဲ့ Storage အနေနဲ့ကတော့ 6GB/128GB သို့မဟုတ် 8GB/128GB ဆိုပြီးရွေးချယ်နိုင်မှာဖြစ်သလို MicroSD Card ကနေလည်း 1TB အထိ ထပ်မံတိုးချဲ့နိုင်မှာပါ။

Display အနေနဲ့ကတော့ 6.5″ HD+ Infinity V Display ကိုပဲ အသုံးပြုထားတယ်လို့ သိရပြီး ယခင် M32 4G Version ရဲ့ 90Hz Full HD+ Display ထက် အားနည်းသွားတာဖြစ်ပါတယ်။ Camera ပိုင်းမှာတော့ 48MP Primary ၊ 8MP Ultrawide ၊ 5MP Macro နဲ့ 2MP Depth Sensor တွေပါဝင်တဲ့ Quad Camera Setup ကို အသုံးပြုထားမှာဖြစ်ပါတယ်။ Selfie Camera အနေနဲ့ကတော့ 13MP Sensor ကို အသုံးပြုထားပါတယ်။

Battery ပိုင်းမှာတော့ 5000mAh Battery ပါဝင်လာမှာဖြစ်ပြီး 15W Charging ကို Support ပေးမှာဖြစ်ပါတယ်။ ကျန်တဲ့ Feature တွေအနေနဲ့ကတော့ Side-mounted Fingerprint Sensor ၊ 5G Band ၁၂ ခုအပြင် Slate Black နဲ့ Sky Blue ဆိုပြီး ၂ ရောင်ထွက်ရှိထားမှာဖြစ်ပါတယ်။

Galaxy M32 5G ဟာ Software ပိုင်းမှာ Android 11 ကို အခြေခံထားတဲ့ OneUI 3.1 ကို အသုံးပြုထားမှာဖြစ်ပြီး Samsung ကတော့ Android OS Update ကို ၂ နှစ်ရရှိမယ်လို့ ပြောကြားထားပါတယ်။ Samsung ရဲ့ Knox Security Suite နဲ့ Side Button ကို ၂ ချက်နှိပ်ပြီး Primary နဲ့ Private Mode တွေကို ပြောင်းလဲနိုင်တဲ့ Alt Z Mode တွေကိုလည်း ထည့်သွင်းထားမှာဖြစ်ပါတယ်။

စျေးနှုန်းအနေနဲ့ကတော့ Samsung Galaxy M32 5G ဟာ RAM 6GB/128GB ကို INR20,999 (မြန်မာငွေ ၄ သိန်းခွဲဝန်းကျင်) နဲ့ RAM 8GB/128GB Version ကိုတော့ INR22,999 (မြန်မာငွေ ၅ သိန်း ၁သောင်းဝန်းကျင်) နဲ့ရောင်းချသွားမှာဖြစ်ပါတယ်။

Ref – GSM Arena