Samsung က ဘရာဇီးမှာ Galaxy M35 ကို ကြေညာလိုက်ပြီး Galaxy A35 နဲ့ တော်တော် တူပါတယ်။ ဒါပေမယ့် ပိုကြီးတဲ့ 6,000mAh Battery ထည့်သွင်းထားပါတယ်။ Galaxy M35 ကို ၄၇၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Samsung Galaxy M35 unveiled with a 6,000mAh battery, Exynos 1380 -  GSMArena.com news

အဲဒီဖုန်းမှာ Exynos 1380 Chip မောင်းနှင်ထားပြီး 8GB RAM နဲ့ 256GB Storage ပါတဲ့အပြင် microSD Card စိုက်နိုင်ပါတယ်။ Android 14 အခြေပြု One UI 6.1 မောင်းနှင်ထားပါတယ်။

Samsung Galaxy M35 5G launched: Exynos 1380, 6,000mAh battery, 50MP OIS  main cam!

6.6” FHD+ 120Hz OLED Display ပါလာပြီး 1,000 Nits Brightness အထိ ထောက်ပံ့ထားပါတယ်။ Protective Glass ပါလားဆိုတာ မသိရပေမယ့် ကြီးမားတဲ့ Battery ကြောင့် ဖုန်းဟာ ထူပါတယ်။ အထူက ၉.၁ မီလီမီတာနဲ့ အလေးချိန်က ၂၂၂ ဂရမ် ရှိပါတယ်။

အနောက်ဘက်မှာ 50MP Main (OIS) နဲ့ 8MP Ultrawide ကင်မရာ တပ်ဆင်ထားပြီး 4K 30fps နဲ့ 720p 240fps Video ရိုက်ကူးနိုင်ပါတယ်။ အရှေ့ ကင်မရာက 13MP ဖြစ်ပြီး Punch Hole မှာ တပ်ဆင်ထားပါတယ်။

Galaxy M35 ဟာ M3x Series ထဲမှာ စတီရီယို စပီကာပါတဲ့ ပထမဆုံး ဖုန်း ဖြစ်ပြီး Dolby Atmos Support ပါပါတယ်။ နားကြပ်ပေါက်တော့ မပါလာပါဘူး။

လက်ဗွေရာ ကိရိယာကို ဘေးဘက်မှာ တပ်ဆင်ထားပြီး USB-C Port , WiFi 6 နဲ့ Bluetooth 5.3 ထောက်ပံ့ထားပါတယ်။ 25W Charging ပါလာပြီး Dark Blue, Light Blue နဲ့ Gray အရောင်တွေ ထုတ်လုပ်ထားပါတယ်။

Ref : gsmarena