Samsung က တောင်ကိုရီးယားမှာ Galaxy M44 ကို ကြေညာလိုက်ပါတယ်။ ဒါပေမယ့် တောင်ကိုရီးယားမှာ Galaxy Jump 3 အမည်နဲ့ မိတ်ဆက်လိုက်တာ ဖြစ်ပါတယ်။ နာမည်ပဲ ကွဲပြားပြီး Specs အားလုံးက တူညီကြပါတယ်။
အနောက်ဘက်မှာ ကင်မရာ ၃ လုံးကို ဒေါင်လိုက် တပ်ဆင်ထားပြီး LED Flash ၁ လုံး ပါပါတယ်။ မျက်နှာပြင်ရဲ့ အထက် အလယ်မှာ အရွယ်သေး Notch တပ်ဆင်ထားပါတယ်။ မျက်နှာပြင်အောက်က ဘောင်ဟာ တခြားဘက်တွေကထက် ပိုထူပါတယ်။
၂၀၂၀ ခုနှစ်မှာ ထွက်ခဲ့တဲ့ Qualcomm Snapdragon 888 Chipset ထည့်သွင်းထားတာက ထူးခြားပါတယ်။ Exynos 1xxx Series Chipset တွေကို မကြိုက်နှစ်သက်သူတွေအတွက်တော့ အဆင်ပြေပါတယ်။
အဲဒီ Chipset ဟာ အဲဒီအချိန်တုန်းကတော့ Android လောကမှာ စွမ်းရည် အမြင့်ဆုံး ဖြစ်ခဲ့ပါတယ်။ အဲဒီအတွက် M44 ရဲ့ စွမ်းဆောင်ရည်က ကောင်းမှာ သေချာပါတယ်။
Galaxy M44 မှာ 6GB RAM နဲ့ 128GB Storage ထည့်သွင်းထားပါတယ်။ 6.58” 1080×2408 PLS LCD မျက်နှာပြင် တပ်ဆင်ထားပြီး 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။
အနောက်ဘက်မှာ 50MP Main ကင်မရာ ၁ လုံးနဲ့ 2MP ကင်မရာ ၂ လုံး တပ်ဆင်ထားပြီး အရှေ့ဘက်မှာ 13MP ကင်မရာ ပါပါတယ်။ 5,000mAh Battery ထည့်သွင်းထားပါတယ်။ အရွယ်အစား အပြည့်အစုံက 167.7 x 78 x 9.1 mm ဖြစ်ပြီး အလေးချိန်က ၂၁၆ ဂရမ် ဖြစ်ပါတယ်။
Ref : gsmarena