Samsung က ပြီးခဲ့တဲ့ တစ်ပတ်မှာ Galaxy A54 ကို ကြေညာပြီးနောက်မှာ အခုတော့ အရှေ့အလယ်ပိုင်းမှာ Galaxy M54 ကို မိတ်ဆက်လိုက်ပါတယ်။ M54 ဟာ A54 ကို အနည်းငယ် အဆင့်မြှင့်ထားတဲ့ မော်ဒယ် ဖြစ်ပါတယ်။
Galaxy M54 ရဲ့ Specs တွေကို ပြောရရင် 6.7” 1080×2400 120Hz Super AMOLED မျက်နှာပြင် တပ်ဆင်ထားပြီး Exynos 1380 Chipset မောင်းနှင်ထားပါတယ်။ 8GB RAM နဲ့ 128/256GB Storage ပါလာပါတယ်။ အနောက်ဘက်မှာ OIS ပါတဲ့ 108MP Main , 8MP Ultrawide, 2MP Macro ကင်မရာ ၃ လုံးနဲ့ အရှေ့ဘက်မှာ 32MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပါတယ်။ 25W Wired Charging ထောက်ပံ့တဲ့ 6,000mAh Battery ပါပါတယ်။
Android 13 အခြေပြု One UI 5.1 မောင်းနှင်ထားပြီး မျက်နှာပြင်ကို Gorilla Glass 5 နဲ့ ကာကွယ်ထားပါတယ်။ ပလတ်စတစ်ကိုယ်ထည်နဲ့ တည်ဆောက်ထားပြီး နက်ပြာရောင်နဲ့ ငွေရောင် ထုတ်လုပ်ထားပါတယ်။ M54 ဟာ A54 ထက် မျက်နှာပြင် ပိုကြီးမားပြီး Main ကင်မရာက Resolution ပိုမြင့်ပါတယ်။ Ultrawide နဲ့ Macro ကင်မရာတွေကတော့ Resolution ပိုနည်းသွားပြီး Battery က ၂၀ ရာခိုင်နှုန်း ပိုကြီးသွားပါတယ်။
Samsung က Galaxy M54 ကို တရားဝင် ဝက်ဘ်ဆိုက် ၁ ခုမှာပဲ စာရင်းတင်ထားပြီး ဈေးနှုန်းကို မပြောသေးပါဘူး။
Ref : gsmarena