Samsung ဟာ ယခုနှစ်အစောပိုင်းတုန်းက Galaxy S20 Series ဖုန်းတွေထဲမှာ 108MP Primary Sensor ကို အသုံးပြုထားတဲ့ Galaxy S20 Ultra ကို မိတ်ဆက်ခဲ့ပါတယ်။ ဒါပေမယ့် အဆိုပါ Galaxy S20 Ultra ဖုန်းဟာ Autofocus Issue တချို့ကြောင့် တခြားသော Flagship ဖုန်းတွေနဲ့ယှဥ်ရင် အားနည်းခဲ့တာဖြစ်ပါတယ်။

အဲ့ဒီအတွက် Samsung ကနေ ပြီးခဲ့လပိုင်းတုန်းက Autofocus ပိုင်းကို Laser Autofocus နဲ့ ပြင်ဆင်ထားပြီး Camera ပိုင်းကို Improve ပြုလုပ်ထားတဲ့ Galaxy Note 20 Ultra ဖုန်းကို မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ Galaxy Note 20 Ultra ဖုန်းဟာ S20 Ultra ထက် Camera ပိုင်း ပိုကောင်းလာတယ်ဆိုပြီး ဝေဖန်ခဲ့ကြပေမယ့် DxOMark ကတော့ မတူညီတဲ့အမြင်ရှိနေပုံပါပဲ။

ဘာကြောင့်လဲဆိုရင် Galaxy Note 20 Ultra ရဲ့ Camera ပိုင်း စမ်းသပ်တဲ့ရလဒ်က စုစုပေါင်း ၁၂၁ မှတ်ပဲ ရရှိခဲ့တာကြောင့်ဖြစ်ပါတယ်။ ဒါက Galaxy S20 Ultra ရဲ့ စုစုပေါင်းရမှတ်ဖြစ်တဲ့ ၁၂၂ မှတ်ထက် ပိုနည်းသလို လက်ရှိ DxOMark ရဲ့ Camera အကောင်းဆုံးဖုန်းတွေထဲမှာ နံပါတ် (၁၀) မှာပဲ ရှိနေတာဖြစ်ပါတယ်။

DxOMark ရဲ့ ပြောကြားချက်အရတော့ Galaxy Note 20 Ultra ဟာ S20 Ultra လိုမျိုးပဲ Color Rendering ၊ Exposure ပိုင်းကောင်းမွန်သလို Autofocus ပိုင်းလည်း မြန်ဆန်တယ်လို့ သိရပါတယ်။ ဒါပေမယ့် Telephoto Sensor က Zoom Range အကုန်လုံးပိုင်းအထိ ကောင်းမွန်ခြင်းမရှိဘဲ အနည်းငယ်အားနည်းနေတာဖြစ်ပါတယ်။ Ultrawide Camera ကလည်း Quality ပိုင်းကောင်းမွန်ပေမယ့် Xiaomi Mi 10 Ultra လိုမျိုး Field-of-View က Wide Angle သိပ်မဖြစ်ဘူးဆိုပြီး ဝေဖန်ခံခဲ့ရတာဖြစ်ပါတယ်။

အသေးစိတ်အနေနဲ့ကတော့ Samsung Galaxy Note 20 Ultra ဖုန်းဟာ Photo ပိုင်းမှာ ၁၃၀ မှတ် နဲ့ Video ပိုင်းမှာ ၁၀၁ မှတ် အသီးသီးရရှိခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် Xiaomi ၊ Huawei ၊ Vivo နဲ့ Honor ဖုန်းတွေကပဲ DxOMark ရဲ့ Camera အကောင်းဆုံးစမတ်ဖုန်းနေရာကို အပြိုင်အဆိုင်ရယူထားတုန်းပါပဲ။

Ref – Gizmo China