Samsung ဟာ ယခုနှစ်အတွက် Flagship ဖုန်းတွေဖြစ်တဲ့ Galaxy S20 Series နဲ့ Galaxy Note 20 Series ဖုန်းတွေကို မိတ်ဆက်ခဲ့ပြီးဖြစ်ပါတယ်။ အခုလည်း Samsung Fan တွေအတွက် Galaxy S20 FE (Fan Edition) ကို ထပ်မံမိတ်ဆက်လိုက်ပါပြီ။

အဆိုပါ Galaxy S20 FE ဟာ စျေးနှုန်းအနေနဲ့ $699 (မြန်မာငွေ ၉ သိန်းကျော်) ကျသင့်မှာဖြစ်ပြီးတော့ Galaxy S20 ထက်တောင် $300 လောက်ပိုသက်သာနေတာဖြစ်ပါတယ်။ ဒါပေမယ့် Processor ပိုင်းမှာ လျော့ထားခြင်းမရှိဘဲ 5G Version ကို Qualcomm Snapdragon 865 နဲ့ 4G Version မှာတော့ Exynos 990 Chipset ကို အသုံးပြုထားတာဖြစ်ပါတယ်။

Display အနေနဲ့ကတော့ 6.5″ Super AMOLED Display ကို အသုံးပြုထားပြီး Galaxy Note 20 ဖုန်းမှာတောင် ပါဝင်ခြင်းမရှိခဲ့တဲ့ 120Hz Refresh Rate ကို Support ပေးမှာဖြစ်ပါတယ်။ ဒါပေမယ့် Galaxy S20 Series တွေလိုမျိုး QHD+ အစား Full HD+ Resolution ပဲအသုံးပြုနိုင်မှာဖြစ်ပါတယ်။ IP68 Dust & Water Resistant လည်း ပါဝင်မယ်လို့ သိရပါတယ်။

Camera ပိုင်းအနေနဲ့လည်း S20 မှာအသုံးပြုထားတဲ့ 12MP Primary Sensor ၊ 8MP 3x Optical Zoom ရရှိတဲ့ Telephoto Sensor နဲ့ 12MP Ultrawide Sensor တွေပါဝင်မှာဖြစ်ပါတယ်။ ToF Sensor ကတော့ ပါဝင်မှာမဟုတ်တော့ပါဘူး။ Selfie Camera အနေနဲ့ကတော့ 32MP Sensor ကို ထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။

Battery ပိုင်းအနေနဲ့ကတော့ Galaxy S20 FE ဟာ 4500mAh Battery ပါဝင်ပြီးတော့ 25W Fast Charging ကိုပါ Support ပြုလုပ်မှာဖြစ်ပါတယ်။ S20 Series လိုမျိုးပဲ Dolby Stereo Speaker Setup လည်းပါဝင်မှာဖြစ်ပါတယ်။

Samsung Galaxy S20 FE ဟာ စျေးကွက်ပေါ်မှုတည်ပြီးတော့ RAM 6GB သို့မဟုတ် RAM 8GB အပြင် 128GB နဲ့ 256GB ဆိုပြီး ရွေးချယ်နိုင်မယ်လို့ သိရပါတယ်။ အရောင်တွေအနေနဲ့လည်း Cloud Red ၊ Cloud Orange ၊ Cloud Lavender ၊ Cloud Mint ၊ Cloud Navy နဲ့ Cloud White ဆိုပြီး ၆ မျိုးအထိ မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။

Ref – GSM Arena