Samsung ဟာ Android 13 ကိုအခြေခံထားတဲ့ OneUI 5.0 Update ကို Beta Version အနေနဲ့ စမ်းသပ်နေခဲ့တာ အချိန်လပိုင်းရှိနေပြီဖြစ်ပါတယ်။ အခုအချိန်မှာတော့ Samsung ကနေ အဆိုပါ Android 13-based OneUI 5.0 Stable Update ကို Galaxy S22 Series ဖုန်းတွေအတွက် စတင်ထုတ်ပေးလိုက်ပြီလို့ သိရပါတယ်။

Samsung ကနေ အခု Galaxy S22 Series ဖုန်းတွေအတွက် Android 13 Update ကို တစ်ဆင့်ချင်းစီထုတ်ပေးနေတဲ့အတွက် လောလောဆယ် Europe Region ပိုင်းမှာ Update ရရှိနေပြီဖြစ်ပြီး နောက်ပိုင်းမှာ တခြားသော Region တွေအတွက်ပါ Update ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် အခုထိ Android 13 Update မရရှိသေးရင်လည်း အချိန်အနည်းငယ်စောင့်ဆိုင်းဖို့လိုအပ်မှာပါ။

အခု OneUI 5.0 Update ဟာ Firmware Version အနေနဲ့ကတော့ S90xBXXU2BVJA ဖြစ်ပြီး File Size အနေနဲ့ 2.8GB အထိ Download ပြုလုပ်ရမှာဖြစ်ပါတယ်။ အဆိုပါ OneUI 5.0 Update ဟာ Android 13 ရဲ့ OS Feature အသစ်တွေအပါအဝင် တခြားသော UI Customization တွေ၊ Feature အသစ်တွေပါဝင်လာမှာပါ။

တစ်ခုရှိတာကတော့ လောလောဆယ်မှာ Samsung ကနေ Exynos Chipset ကိုအသုံးပြုထားတဲ့ Galaxy S22 Series ဖုန်းတွေအတွက်ပဲ Android 13 ကိုအခြေခံထားတဲ့ OneUI 5.0 Update ကို ထုတ်ပေးနေတယ်လို့ သိရပြီး မကြာခင်မှာ Snapdragon Chipset အသုံးပြုထားတဲ့ Version တွေအတွက်ပါ ရရှိမှာဖြစ်ပါတယ်။

Ref – GSM Arena