နာမည်ကျော် Leakster Ice Universe က Galaxy S22 ရဲ့ Chipset ၊ ကင်မရာ သတင်းအချက်အလက်နဲ့ S22 Ultra ရဲ့ အားသွင်းနှုန်း သတင်းအချက်အလက်တွေကို မကြာခင်က မျှဝေခဲ့ပါတယ်။ အခုတော့ သူက Galaxy S22 မှာ 3700mAh ဘက်ထရီနဲ့ 25W Charging Support ပါလာနိုင်တယ်လို့ သတင်းပေးလာပါတယ်။

Ice Universe says the Galaxy S22 Ultra will have continuous zoom 3x and 10x cameras - GSMArena.com news

စိတ်ဝင်စားစရာကောင်းတာက S22+ နဲ့ S22 Ultra မှာ 45W Charging ပါလာမယ်ဆိုတာ ဖြစ်ပြီး S22 နဲ့ အားသွင်းနှုန်း တော်တော်ကွာခြားနေပါတယ်။ Samsung က ဘူးထဲမှာ Charger မထည့်သွင်းပေးနိုင်တဲ့အတွက် Charger ကို သီးခြားဝယ်ယူရနိုင်ပါတယ်။

Samsung Galaxy S22 rumors: What happened to big camera upgrades? - CNET

မကြာခင်က ပူပူနွေးနွေး ကြေညာခဲ့တဲ့ iPhone 13 ထက် S22 ဟာ အရှည်၊ အကျယ်နဲ့ အထူအပိုင်းမှာ ပိုသေးသွားမှာ ဖြစ်တယ်လို့သိရပါတယ်။ iPhone 13 ရဲ့ အရွယ်အစား အပြည့်အစုံက 146.7 x 71.5 x 7.7 mm ဖြစ်ပါတယ်။

Samsung Galaxy S22 ဟာ Galaxy S10e နောက်ပိုင်းထွက်တဲ့ Samsung ရဲ့ အရွယ်အစား အကျစ်လစ်ဆုံး စွမ်းဆောင်ရည်မြင့် စမတ်ဖုန်း ဖြစ်လာနိုင်ပါတယ်။ နောက်ဆုံးပေါက်ကြားထားတဲ့ သတင်းအရ Galaxy S22 ရဲ့ မျက်နှာပြင် အရွယ်အစားဟာ ၆.၀၆ လက်မ ဖြစ်မယ်လို့ သိရပါတယ်။

Ref : gsmarena