Samsung က Galaxy S23 FE ကို နိုင်ငံတကာအတွက် ကြေညာလိုက်ပြီး တရားဝင် ဝက်ဘ်ဆိုက်မှာ Chipset ကို မဖော်ပြထားပါဘူး။ ဒီလနှောင်းပိုင်းမှာ ရောင်းချမှာ ဖြစ်ပြီး ဒေါ်လာ ၅၉၉ သတ်မှတ်ထားပါတယ်။ Samsung Malaysia Site မှာ 8GB+256GB Version ၁ မျိုးထဲကိုပဲ တင်ထားပါတယ်။ Cream , Graphite, Mint နဲ့ Purple အရောင်တွေ ထုတ်လုပ်ထားပါတယ်။

Samsung Galaxy S23 FE upgrades to camera to 50MP, uses last year's flagship chipsets

Galaxy S23 FE မှာ 6.4” Dynamic Full HD+ AMOLED မျက်နှာပြင် တပ်ဆင်ထားပြီး 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ 2.8GHz Octa-core SoC မောင်းနှင်ထားတယ်လို့ ဖော်ပြထားပြီး Snapdragon 8 Gen 1 သို့မဟုတ် Exynos 2200 Chip ဖြစ်နိုင်ပါတယ်။ နိုင်ငံအလိုက် Chip ကွဲပြားနိုင်ပါတယ်။

Samsung Galaxy S23 FE hands-on: Charming phone with flagship perks intact -  HardwareZone.com.sg

အနောက်ဘက်မှာ 50MP Main (OIS), 12MP Ultrawide နဲ့ 8MP Telephoto ကင်မရာ ၃ လုံး ပါလာပါတယ်။ အရှေ့ဘက်မှာ 10MP ကင်မရာကို Punch Hole မှာ တပ်ဆင်ထားပါတယ်။

Dual SIM ဖုန်း ဖြစ်ပြီး 25W Wired Fast Charging ထောက်ပံ့တဲ့ 4,500mAh Battery ပါလာပါတယ်။ USB Type-C Port တပ်ဆင်ထားပြီး ၃၀ မိနစ်အတွင်း ၀ ကနေ ၅၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။ WiFi, GPS, NFC , Bluetooth 5.3 ဆက်သွယ်မှုတွေ ထည့်ထားပြီး IP68 ရေစိုခံစံနှုန်း ပါပါတယ်။

Ref : gadgets360