Samsung က Galaxy S23 Ultra မှာ 200MP ကင်မရာ ထည့်သွင်းထားမယ်ဆိုတဲ့ သတင်းများစွာ ထွက်ပေါ်ခဲ့ပြီးပါပြီ။ အခုလည်း အဲဒီ သတင်းအချက်အလက် မှန်ကန်တယ်ဆိုတဲ့ အကြောင်း ထပ်မံထွက်ပေါ်လာပါတယ်။
Samsung ရဲ့ မိခင် နိုင်ငံ တောင်ကိုရီးယားက ထွက်လာတဲ့ သတင်းအရ ကုမ္ပဏီဟာ နောက်မျိုးဆက် စွမ်းရည်မြင့် ဖုန်းမှာ 200MP ကင်မရာ သုံးမယ့်အကြောင်း အဓိက ကင်မရာ ကုမ္ပဏီတွေကို အကြောင်းကြားထားပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်အကြာက ရောင်းချခဲ့တဲ့ Galaxy S20 Ultra မှာ 108MP Resolution ကင်မရာကို အသုံးပြုထားခဲ့ပြီး Galaxy S23 Ultra မှာတော့ 200MP ကင်မရာနဲ့ အဆင့်မြှင့်ထားမှာ ဖြစ်ပါတယ်။
Motorola က ဒီလ အစောပိုင်းမှာ 200MP ကင်မရာ ပါတဲ့ ကမ္ဘာ့ ပထမဆုံး စမတ်ဖုန်း X30 Pro ကို ကြေညာခဲ့ပြီး နောက်ထွက်မယ့် Xiaomi 12T Pro မှာလည်း 200MP ကင်မရာ ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။ Resolution တူညီပေမယ့် Samsung ဟာ Galaxy S23 Ultra မှာ ဆန်ဆာ အသစ်ကို အသုံးပြုထားနိုင်ပြီး ပြိုင်ဖက်တွေကို မရောင်းချထားတဲ့ ဆန်ဆာ ဖြစ်နိုင်ပါတယ်။
Samsung Galaxy S23 Series ဖုန်းတွေမှာ Samsung ရဲ့ ကိုယ်ပိုင် Exynos Chipset မသုံးတော့ဘဲ Qualcomm Snapdragon 8 Gen 2 Chipset ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။ အဲဒီ Chipset ဟာ Snapdragon 8 Gen 1 Chipset ထက် စွမ်းဆောင်ရည် အပိုင်းမှာ အားသာချက်များစွာ ရှိမှာပါ။
Ref : gsmarena