Galaxy S23 Series မှာ 8K 30fps ထောက်ပံ့မှု အပါအဝင် Video ရိုက်ကူးတဲ့ စွမ်းရည် တိုးတက်လာမှာပါ။ (အရင် မျိုးဆက်မှာ အများဆုံး 24fps အထိပဲ ထောက်ပံ့ထားပါတယ်။ Leakster Ice Universe က Galaxy S23 Ultra မှာ Portrait Video Mode ပိုကောင်းလာမယ်လို့ ပြောပါတယ်။

Resolution က 4K 30fps အထိ ရှိလာမှာ ဖြစ်ပြီး လက်ရှိ S22 Ultra မှာ 1080p/30fps Video တွေကို Portrait Mode နဲ့ ရိုက်ကူးနိုင်ပါတယ်။ ဒါ့အပြင် Subject နဲ့ Background ကို ခွဲခြားတဲ့ စွမ်းရည်လည်း ပိုကောင်းလာမှာ ဖြစ်ပါတယ်။

The Samsung Galaxy S23 Ultra will be the first (and for now only) phone equipped with the ISOCELL HP2

အဲဒီတိုးတက်မှုဟာ တခြား Galaxy S23 မော်ဒယ် ၂ လုံးမှာ ပါလာမလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ Galaxy S23 မော်ဒယ်အားလုံးမှာ တူညီတဲ့ Snapdragon 8 Gen 2 Chipset မောင်းနှင်ထားမှာ ဖြစ်ပါတယ်။ Ultra မှာ ISOCELL HP2 200MP ဆန်ဆာ တပ်ဆင်ထားမှာ ဖြစ်ပြီး S22 နဲ့ S22+ မှာ 50MP ဆန်ဆာတွေကိုပဲ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

Exclusive: Samsung Galaxy S23 has 16 camera modes, AI Restoration is new! - Sammy Fans

Galaxy S23 Ultra မှာ အပူချိန်လျှော့ချပေးတဲ့ စွမ်းရည်ဟာ တိုးတက်လာမှာ ဖြစ်ပြီး စွမ်းအင် များစွာ လိုအပ်တဲ့ Video Mode တွေနဲ့ ရိုက်ကူးတဲ့အခါ အပူချိန် အများကြီး မတက်ဘူးလို့ သတင်းထွက်လာပါတယ်။ Galaxy S23 Series ကို ဖေဖော်ဝါရီလ ၁ ရက်နေ့ တရားဝင် ကြေညာမှာ ဖြစ်ပါတယ်။

Ref : gsmarena