Samsung က ဒီလ ၁၇ ရက်နေ့မှာ နိုင်ငံများစွာမှာ Galaxy Unpacked Event ကို ကျင်းပမယ်လို့ အတည်ပြုလိုက်ပါတယ်။ အဲဒီပွဲမှာ Galaxy S24 Series နဲ့ Galaxy AI ကို ကြေညာမှာပါ။

Samsung Galaxy Unpacked event for Galalaxy S24 series to be held on January 17

Galaxy S24 နဲ့ Galaxy S24 Plus မှာ နိုင်ငံအပေါ်မူတည်ကာ Exynos 2400 သို့မဟုတ် Snapdragon 8 Gen 3 Chip ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ Galaxy S24 Ultra မှာတော့ နိုင်ငံအားလုံးအတွက် Snapdragon 8 Gen 3 Chip ပါလာမှာပါ။

Galaxy S24 Series မှာ Galaxy AI လို့ ခေါ်တဲ့ Samsung ရဲ့ Generative AI လုပ်ဆောင်ချက်ကို ထောက်ပံ့တဲ့ Android 14 အခြေပြု One UI 6.1 မောင်းနှင်ထားမှာ ဖြစ်ပါတယ်။ Galaxy AI က ပံ့ပိုးပေးမယ့် လုပ်ဆောင်ချက် တချို့ထဲမှာ ဖုန်းပြောရင် အချိန်နဲ့တစ်ပြေးညီ ဘာသာပြန်ပေးခြင်း၊ Lock Screen Wallpaper အတွက် Dynamic Weather Effects ၊ Generative AI ထောက်ပံ့တဲ့ Wallpaper Generator ၊ Samsung Notes မှာ မှတ်စုကို အတိုချုပ်ပေးခြင်းနဲ့ ဓါတ်ပုံတွေမှာ Generative AI နဲ့ ဖြည့်စွက်ပေးခြင်းတို့ ပါဝင်မှာဖြစ်ပါတယ်။

အမေရိကန်မှာ ကယ်လီဖိုးနီးယား၊ ဆန်ဂျို့စ်မှ SAP Centre မှာ Samsung Galaxy S24 Series ကို ကြေညာမှာ ဖြစ်ပြီး YouTube လို ပလက်ဖောင်းတွေမှာ တိုက်ရိုက်ထုတ်လွှင့်ပြသမှာ ဖြစ်ပါတယ်။

Ref : gizmochina