Samsung ဟာ အမေရိကန်မှာ Galaxy S24 Series ကို ဇန်နဝါရီလ ၁၇ ရက်နေ့မှာ ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။ အဲဒီဖုန်းတွေရဲ့ သတင်းအချက်အလက်တွေ မကြာခဏ ပေါက်ကြားနေပါတယ်။

အခုတော့ တောင်ကိုရီးယား မီဒီယာ The Elec က Samsung ဟာ Galaxy S24 Ultra မှာ တိုက်တေနီယမ် ဖရိမ်ကို အသုံးပြုထားမယ်လို့ ပြောပါတယ်။

Apple က ဒီနှစ်ထုတ် iPhone 15 Pro မော်ဒယ်တွေမှာ တိုက်တေနီယမ် ဖရိမ်ကို အရင်ဆုံး ထည့်သွင်းပေးခဲ့ပါတယ်။ အဲဒီနောက်မှာ Xiaomi က Xiaomi 14 Pro Titanium Special Edition ကို ကြေညာခဲ့ပါတယ်။

Galaxy S24 Ultra ဟာ တိုက်တေနီယမ် ဖရိမ် ပါတဲ့ Samsung ရဲ့ ပထမဆုံးဖုန်း ဖြစ်လာမှာပါ။ Galaxy S24 Series အားလုံးမှာ တိုက်တေနီယမ် ဖရိမ် ပါလာမလားဆိုတာ မသေချာသေးပါဘူး။

Samsung က Galaxy S23 Ultra ရဲ့ ရောင်းအားအတိုင်း တိုက်တေနီယမ် ဖရိမ် ၁၅ သန်းကို ထုတ်လုပ်ဖို့ စီစဉ်ထားပါတယ်။ အဲဒီအတွက် ကုမ္ပဏီဟာ S24 Ultra မှာပဲ တိုက်တေနီယမ် ဖရိမ် ထည့်သွင်းထားနိုင်ပါတယ်။

New Galaxy S24 Ultra Leak Confirms Stunning Performance

Samsung ဟာ စမတ်ဖုန်းတွေမှာ တိုက်တေနီယမ်ကို အစားထိုးဖို့ လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက စီးစဉ်ခဲ့တာလို့ သိရပါတယ်။ ဒါပေမယ့် မကြာခင်ကမှ စတင် အကောင်အထည် ဖော်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ တိုက်တေနီယမ် ဖရိမ်ဟာ ဒေါ်လာ ၂၀ ဝန်းကျင် ကျသင့်ပါတယ်။

Galaxy S24 Ultra ရဲ့ ပေါက်ကြား ဓါတ်ပုံအရ အရင်မျိုးဆက်နဲ့ ဒီဇိုင်း ဆင်တူပြီး အရှေ့ဘက်က မျက်နှာပြင်ဘေးဘောင်တွေကို လျှော့ချထားပါတယ်။ S24 Series မှာ နိုင်ငံအလိုက် Snapdragon နဲ့ Exynos Processor တွေ ထည့်သွင်းထားမယ်လို့ အတည်ပြုထားပါတယ်။

Ref: gizmochina