Samsung Galaxy S6 Lite ကို ဒီလ ၂ ရက်နေ့မှာ ကြေညာတော့မှာဖြစ်ပြီး Amazon Germany ကနေ LTE မော်ဒယ်ရဲ့ အဓိက Specs နဲ့ ဈေးတွေ ပေါက်ကြားထွက်ပေါ်ခဲ့ပြီးပါပြီ။ အခုတော့ တန်ဖိုးအနည်းဆုံး WiFi မော်ဒယ်ကို ဥရောပမှာ ၃၉၉ ယူရိုနဲ့ ရောင်းမယ်လို့ သတင်းထွက်လာပြီး မြန်မာငွေ ၆ သိန်းလောက် ရှိပါတယ်။

အဲဒီ မော်ဒယ်ရဲ့ တခြား Specs တွေက အရင်ပေါက်ကြားထားတာနဲ့ တူညီပြီး ၁၀.၄ လက်မ FHD+ LCD မျက်နှာပြင် ထည့်သွင်းထားမှာ ဖြစ်ပြီး Samsung S Pen Stylus ပါလာမှာပါ။ တက်ဘလက်ရဲ့ အောက်ခြေမှာ USB Type-C Connector နဲ့ စပီကာ ၁ လုံး တပ်ဆင်ထားပြီး 5MP ဆဲလ်ဖီး ကင်မရာနဲ့ 8MP အနောက်ကင်မရာတွေ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

တက်ဘလက်မှာ Exynos 9611 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး 4GB RAM , 64/128GB Storage တွေ ထည့်သွင်းထားမှာပါ။ ဘက်ထရီက 7,040mAh ဖြစ်ပြီး Android 10 အခြေပြု Samsung OneUI ပါလာမှာပါ။ Dual-band WiFi , NFC , Headphone Jack နဲ့ Bluetooth 5.0 တွေ ထောက်ပံ့ထားမှာ ဖြစ်ပါတယ်။

Ref : gsmarena