Samsung က မကြာခင်က Galaxy Z Flip5 နဲ့ Galaxy Z Fold5 ကို ကြေညာခဲ့ပြီး တောင်ကိုရီးယားမှာ ဩဂုတ်လ ၁ ရက်နေ့က ကြိုတင်မှာယူခွင့်ပေးလိုက်ပါတယ်။ အဲဒီဖုန်း ၂ လုံးကို မှာယူမှုဟာ ၁ သန်းကျော်သွားပြီ ဖြစ်ပြီး ၂၀၂၂ ခုနှစ် Device တွေရဲ့ ရောင်းအား ၉၇၀,၀၀၀ ကို ချိုုးဖျက်နိုင်ခဲ့ပါတယ်။

Fifth Generation Samsung Galaxy Z Foldables Smash Pre-Order Record In South  Korea, Z Flip 5 More Popular Than Fold 5 - Gizmochina

Galaxy Z Flip5 ဟာ Fold5 ထက် လူကြိုက်ပိုများနေပြီး စုစုပေါင်း အလုံးရေ ၁.၀၂ သန်းရဲ့ ၇၀ ရာခိုင်နှုန်း ဖြစ်ပါတယ်။ အရင်နှစ်ထုတ် Galaxy Z Flip4 ရဲ့ ရောင်းအားက ၆၀ ရာခိုင်နှုန်းပဲ ရှိပါတယ်။ Z Flip5 ကို ကြိုတင်မှာယူမှုဟာ အလုံးရေ ၇၁၄,၀၀၀ ရှိပြီး Fold5 က‌တော့ ၃၀၆,၀၀၀ ပဲ ရှိပါတယ်။ တောင်ကိုရီးယားမှာ ကြိုတင်မှာယူခွင့်ပေးတဲ့ ရက်ဟာ အနည်းငယ်ပဲ ကျန်ပါတော့တယ်။

Samsung Galaxy Z Fold5 and Z Flip5 are excellent, not groundbreaking

စိတ်ဝင်စားစရာကောင်းတာက အရွယ်ကြီး Galaxy Fold5 ကို အရင်နှစ်က Fold4 လောက် လူကြိုက်မများတော့ဘဲ Fold4 ဟာ ကြိုတင်မှာယူမှု ၃၈၈,၀၀၀ ရှိခဲ့ပါတယ်။

Galaxy Z Flip5 မှာ အရင်မျိုးဆက်ထက် ပိုကြီးတဲ့ ကာဗာ မျက်နှာပြင် တပ်ဆင်ထားတဲ့အတွက် လူကြိုက်ပိုများလာတာ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ဆဲလ်ဖီး ရိုက်ရင် ပိုကောင်းစေတဲ့ လုပ်ဆောင်ချက်တွေ ပါလာပါတယ်။

Ref : gsmarena