ပြီးခဲ့တဲ့နှစ် ဩဂုတ်လမှာ Samsung Galaxy Z Fold4 ကို ကြေညာခဲ့ပြီး 6.2” Cover မျက်နှာပြင် တပ်ဆင်ထားပါတယ်။ အခုတော့ နာမည်ကြီး Tipster Ice Universe က မျိုးဆက်သစ် Galaxy Z Fold5 မှာလည်း 6.2” Cover မျက်နှာပြင် ပါလာမယ်လို့ သတင်းပေးလိုက်ပါတယ်။ ဒါပေမယ့် Tipster က မျက်နှာပြင်ရဲ့ Resolution ကို  မပြောပါဘူး။ Fold5 ရဲ့ မျက်နှာပြင် Resolution ဟာ Fold4 နဲ့ တူညီမလားဆိုတာ စောင့်ကြည့်ရမှာပါ။

Samsung Galaxy Z Fold 5 Rumors: A Thinner Foldable May Be Coming - CNET

Ice Universe က Galaxy Z Fold5 နဲ့ Galaxy Z Flip5 တို့ရဲ့ ဒီဇိုင်းဟာ အရင်မျိုးဆက်တွေနဲ့ မကွာခြားဘူးလို့ ပြောပါတယ်။

Samsung Galaxy Z Fold 5 tipped to inherit design, display from Z Fold 4 -  Pricebaba.com Daily

Galaxy Z Fold5 ရဲ့ Specs တွေ မထွက်ပေါ်လာသေးပေမယ့် ပြီးခဲ့တဲ့လက ပေါက်ကြားသတင်းအရ Fold5 ရဲ့ Storage Option ဟာ Galaxy Z Fold4 လိုပဲ 256GB, 512GB နဲ့ 1TB တို့ ဖြစ်နိုင်ပါတယ်။

Galaxy Z Fold5 ရဲ့ မျက်နှာပြင်မှာ ခေါက်ချိုးရာ မပေါ်အောင် Hinge ဒီဇိုင်း အသစ်ကို အသုံးပြုထားမှာ ဖြစ်ပြီး ကုမ္ပဏီက နောက်ဆုံးအဆင့်စမ်းသပ်မှုတွေပြုလုပ်ထားပြီးပြီလို့ သိရပါတယ်။

Ref : gsmarena