[Unicode]

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းက TCL ဟာ ပတ္တာနှစ်ခု၊ သုံးခေါက်ချိုး ဒီဇိုင်းနဲ့ Foldable ဖုန်းရှေ့ပြေးပုံစံကို ပြသခဲ့ဖူးပါတယ်။ ခေါက်ထားတဲ့အချိန်မှာ ပုံမှန်စမတ်ဖုန်းလိုအသုံးပြုနိုင်ပြီး၊ မခေါက်ဘဲထားလိုက်ချိန်မှာတော့ မျက်နှာပြင်ဟာ ၁၀ လက်မနီးပါးကျယ်သွားတာမျိုး ဖြစ်ပါတယ်။

ဒါပေမယ့် Galaxy Fold နဲ့ Galaxy Z Flip တို့ကိုမြင်တွေ့လာကြရပြီး ဒီသုံးခေါက်ချိုးပုံစံ Foldable အကြောင်းကတော့ တိမ်မြုပ်နေခဲ့ပါတယ်။ အခုတော့ တောင်ကိုရီးယားနည်းပညာကုမ္ပဏီကြီးဟာ Galaxy Z Foldable ကိုထုတ်လုပ်ဖို့ စတင်ဆောင်ရွက်နေပြီဆိုတဲ့ သတင်းထွက်လာပါပြီ။

Galaxy Z Foldable လို့တော့ အတိအကျနာမည်ပေးထားတာမဟုတ်ပေမယ့် သူ့ရဲ့ဒီဇိုင်းဖွဲ့စည်းပုံက အင်္ဂလိပ်အက္ခရာ “Z” ပုံစံဖြစ်နေတာကြောင့် Galaxy Z လို့ ခေါ်ဝေါ်နေကြတာပါ။ တစ်ဘက်ကပြန်ကြည့်ရင် ဒီဇိုင်းပိုင်းက TCL ရဲ့ Foldable ရှေ့ပြေးပုံစံနဲ့ ခပ်ဆင်ဆင်ဖြစ်နေတာလည်း တွေ့ရပါလိမ့်မယ်။ ပတ္တာတွေတပ်ဆင်ထားတဲ့ပုံစံကိုက “Z” ပုံစံခေါက်နိုင်ဖို့ပဲ ရည်ရွယ်ပြီး တပ်ဆင်ထားတာနဲ့ တူပါတယ်။

အခုအချိန်ထိတော့ Galaxy Z Foldable နဲ့ပတ်သက်ပြီး ပြောစရာအသေးစိတ်အချက်အလက် မရှိသေးပါဘူး။ ဘယ်နေ့ဖြန့်နိုင်သလဲဆိုတာလည်း မပြောနိုင်သေးပါဘူး။ ဒါပေမယ့် ဒီနှစ်ရဲ့ တတိယသုံးလပတ်နောက်ပိုင်းမှာတော့ သတင်းထူးလာမယ်လို့ ခန့်မှန်းဖော်ပြနေကြပါတယ်။

Ref: Gizmochina

[Zawgyi]

Samsung ဟာ သုံးေခါက္ခ်ိဳးဒီဇိုင္းနဲ႔ Galaxy Z Foldable ကို စတင္ျပဳလုပ္ေနၿပီလို႔ သတင္းထြက္ေပၚလာ

ၿပီးခဲ့တဲ့ႏွစ္ ေအာက္တိုဘာလတုန္းက TCL ဟာ ပတၱာႏွစ္ခု၊ သုံးေခါက္ခ်ိဳး ဒီဇိုင္းနဲ႔ Foldable ဖုန္းေရွ႕ေျပးပုံစံကို ျပသခဲ့ဖူးပါတယ္။ ေခါက္ထားတဲ့အခ်ိန္မွာ ပုံမွန္စမတ္ဖုန္းလိုအသုံးျပဳႏိုင္ၿပီး၊ မေခါက္ဘဲထားလိုက္ခ်ိန္မွာေတာ့ မ်က္ႏွာျပင္ဟာ ၁၀ လက္မနီးပါးက်ယ္သြားတာမ်ိဳး ျဖစ္ပါတယ္။

ဒါေပမယ့္ Galaxy Fold နဲ႔ Galaxy Z Flip တို႔ကိုျမင္ေတြ႕လာၾကရၿပီး ဒီသုံးေခါက္ခ်ိဳးပုံစံ Foldable အေၾကာင္းကေတာ့ တိမ္ျမဳပ္ေနခဲ့ပါတယ္။ အခုေတာ့ ေတာင္ကိုရီးယားနည္းပညာကုမၸဏီႀကီးဟာ Galaxy Z Foldable ကိုထုတ္လုပ္ဖို႔ စတင္ေဆာင္႐ြက္ေနၿပီဆိုတဲ့ သတင္းထြက္လာပါၿပီ။

Galaxy Z Foldable လို႔ေတာ့ အတိအက်နာမည္ေပးထားတာမဟုတ္ေပမယ့္ သူ႔ရဲ႕ဒီဇိုင္းဖြဲ႕စည္းပုံက အဂၤလိပ္အကၡရာ “Z” ပုံစံျဖစ္ေနတာေၾကာင့္ Galaxy Z လို႔ ေခၚေဝၚေနၾကတာပါ။ တစ္ဘက္ကျပန္ၾကည့္ရင္ ဒီဇိုင္းပိုင္းက TCL ရဲ႕ Foldable ေရွ႕ေျပးပုံစံနဲ႔ ခပ္ဆင္ဆင္ျဖစ္ေနတာလည္း ေတြ႕ရပါလိမ့္မယ္။ ပတၱာေတြတပ္ဆင္ထားတဲ့ပုံစံကိုက “Z” ပုံစံေခါက္ႏိုင္ဖို႔ပဲ ရည္႐ြယ္ၿပီး တပ္ဆင္ထားတာနဲ႔ တူပါတယ္။

အခုအခ်ိန္ထိေတာ့ Galaxy Z Foldable နဲ႔ပတ္သက္ၿပီး ေျပာစရာအေသးစိတ္အခ်က္အလက္ မရွိေသးပါဘူး။ ဘယ္ေန႔ျဖန႔္ႏိုင္သလဲဆိုတာလည္း မေျပာႏိုင္ေသးပါဘူး။ ဒါေပမယ့္ ဒီႏွစ္ရဲ႕ တတိယသုံးလပတ္ေနာက္ပိုင္းမွာေတာ့ သတင္းထူးလာမယ္လို႔ ခန႔္မွန္းေဖာ္ျပေနၾကပါတယ္။

Ref: Gizmochina