Samsung ရဲ့ နောက်ဆုံးထုတ် Galaxy Z Flip 4 က “ကောင်းလည်း ကောင်းတယ်။ ဒါပေမယ့် မကောင်းဘူး” ဆိုပြီး မမဆောင်းဗားရှင်းနဲ့ ပြောရမလိုတောင် ဖြစ်နေပြီ။

Me & Z Flip 4

ကျွန်တော် Galaxy Z Flip 4 ကို အချိန်အတော်ကြာ စမ်းသုံးကြည့်ပြီးပြီ။ အဲ့တော့ ဒီဖုန်းနဲ့ ပတ်သက်ပြီး ကျွန်တော်ကြုံခဲ့ရတဲ့ Experience တွေကို ပြန်ပြောပေးပါ့မယ်။ ဒီ Review မှာ ကင်မရာ၊ Performance ဘာညာတွေထက် Foldable Experience ကိုပဲ အဓိကထားပြီး ပြောပေးသွားမှာပါ။

ပထမဦးဆုံး ဒီဖုန်း လက်ထဲရောက်လာတော့ ကျွန်တော် တော်တော်သတိထားပြီး ကိုင်ခဲ့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ သာမန်ဖုန်းတစ်လုံး ကိုင်နေကျ လူတစ်ယောက်ရဲ့ လက်ထဲကို Form Factor မတူတော့တဲ့ Foldable ဖုန်းတစ်လုံးရောက်လာတဲ့အခါ မတော်တဆ လွတ်ကျမှာ ကြောက်လို့ပါ။

Don’t Worry, Galaxy Z Flip 4 Can Withstand Over 200,000 Folds!

ခေါက်လိုက်၊ ဖြန့်လိုက် လုပ်ရတဲ့ Feel က တော်တော်မိုက်လာတယ်။ Foldable ဖုန်းထုတ်တာ 4th Generation အထိ ရောက်လာပြီဖြစ်တဲ့ Samsung ကို ပိုပြီးယုံကြည်မိလာတယ်။ ဒီနေရာမှာ တစ်ခုပြောချင်တာက Galaxy Z Flip 4 ကို ဝယ်ဖို့ စဥ်းစားနေသူတွေ အာရုံထဲမှာ ကိန်းအောင်းနေတဲ့ သံသယစိတ်က Foldable အကြိမ်ရေပါ။ တချိူ့ဆိုရင် Foldable ဖုန်းတွေက တစ်ရက်ကို အကြိမ်ရေ ဘယ်လောက်ပဲ အကန့်အသတ်နဲ့ ခေါက်လို့ရတယ်။ ၁နှစ်၊ ၂နှစ်လောက်နေရင် ပျက်ပြီထင်နေကြပါတယ်။ တကယ်တော့ Galaxy Z Fold 4 နဲ့ Z Flip 4 တို့ရဲ့ Foldable Display တွေဟာ အကြိမ်ရေ ၂သိန်းကျော်အထိ ခေါက်လိုက်၊ ဖြန့်လိုက် လုပ်နိုင်တဲ့ ခံနိုင်ရည်ရှိတယ်လို့ Samsung က ပြောပါတယ်။ ဒီရလဒ်က တစ်နေ့ကို အကြိမ် ၁၀၀ ခေါက်လိုက်၊ ဖြန့်လိုက် လုပ်မယ်ဆိုရင်တောင် ၅နှစ်အထိ အသုံးခံမယ့် အနေအထားပါပဲ။

(Z Fold/Flip ဖုန်းတွေက ခေါက်ထားတဲ့အချိန်မှာ ကပ်ပါအောင် Magnet တွေလည်း ထည့်ပေးထားတာမို့ နှလုံးခုန်စက် (Pacemaker) ထည့်ထားတဲ့ သူတွေ သတိထားပြီး ကိုင်သင့်ပါတယ်။ ပြီးတော့ Samsung Foldable ဖုန်းတွေမှာပါတဲ့ Magnet ဆွဲအားက ပုံမှန်ထက် အနည်းငယ် ပိုပြင်းတာကြောင့် Samsung ကတော့ Magnetic Fields နဲ့ ဝေးရာမှာ ထားဖို့ အကြံပြုထားပါတယ်။)

Crease Problem & My Appreciation To Samsung

ကျွန်တော် Galaxy Z Flip 4 ကို Daily Driver ဖုန်းအနေနဲ့ သုံးတော့ Comfort မဖြစ်သလို စပြီးခံစားရစေတာက Display အလယ်မှာရှိတဲ့ ခေါက်ရိုး (Crease) နဲ့ Display ဘေးပတ်ပတ်လည်ကို အလွှာတစ်ထပ်နဲ့ ကွပ်ပေးထားတဲ့ Bezel တွေပါပဲ။ ခေါက်ရိုးက Viewing Experience ကို ဒုက္ခမပေးပေမယ့် User Experience မှာတော့ နည်းနည်းလေး အနှောင့်အယှက်ဖြစ်သလို ခံစားရစေတယ်။ ဒါပေမယ့်လည်း Foldable ဖုန်းတွေကို စျေးကွက်ထဲအရောက်ပို့နိုင်ဖို့ ၁၀စုနှစ် တစ်ခုအကြာ သုတေသနတွေ လုပ်ခဲ့ရတဲ့ Samsung ရဲ့ ကြိုးစားအားထုတ်မှုတွေကို အသိအမှတ်ပြုတာကြောင့် ဒီခေါက်ရိုးကို အပြစ်ပြောဖို့ အင်အားမရှိပါဘူး။ “ဒီလောက်တော့ ရှိမှာပေါ့လေ” ဆိုပြီး ခွင့်လွှတ်ပေးနိုင်ပါတယ်။ နောက်ပြီး Samsung အနေနဲ့ တချိန်ချိန်မှာ ဒီခေါက်ရိုးကို အပျောက်ဖျောက်နိုင်မယ်ဆိုတာကိုလည်း အပြည့်အဝ ယုံကြည်ပါတယ်။

One-handed Problem & My Thoughts After One Week

ဒီဖုန်းကို ကျွန်တော် အိမ်မှာပဲ အေးဆေးသုံးနေတုန်းက ဘာပြဿနာမှ မရှိခဲ့ဘူး။ သုံးစရာရှိရင် ဖုန်းလေးကို ဖြန့်လိုက် ပြီးရင် ပြန်ခေါက်လိုက်၊ အားကုန်တော့မယ်ဆိုရင် အားလေးသွင်းလိုက်နဲ့ အကုန်အဆင်ပြေနေခဲ့တယ်။ ဒါပေမယ့် လက်တဖက်မအားတဲ့ အခါမျိူးတွေမှာ ဒီဖုန်းကို ဖြန့်ပြီး သုံးဖို့ တော်တော်တိုင်ပတ်ခဲ့တယ်။ ဥပမာ – လက်တဖက်က အထုပ်ဆွဲထားချိန် ဒါမှမဟုတ် Bus ကားပေါ်မှာ လက်တဖက်က တန်းဖြစ်ဖြစ်၊ တိုင်ဖြစ်ဖြစ် ကိုင်ထားရတဲ့ အချိန်မျိူးတွေမှာပါ။ ဒါက သာမန် ဖုန်းတစ်လုံးစာ Size လောက်ပဲရှိတဲ့ Galaxy Z Flip 4 မှာ ဖြန့်ပြီး သုံးဖို့အတွက် One-handed အဆင်မပြေတဲ့ ပြဿနာပါ။

ဟိုတုန်းကဆိုရင် ဖုန်း Review တစ်ခုထွက်လာဖို့ဆိုတာ အချိန် အနည်းဆုံး ၁လလောက် စောင့်ရတယ်။ အခုနောက်ပိုင်းတော့ အဲ့လိုမဟုတ်တော့ဘူး။ သူ့ထက်ငါ အရင်တင်ချင်တဲ့စိတ်နဲ့ တချိူ့ဆို ၁ပတ်၊ တချိူ့ဆို ၅ရက်လောက်ပဲ သုံးပြီး Review လုပ်လာကြတယ်။ တကယ်တော့ ၅ရက်၊ ၁ပတ်ဆိုတာက ဖုန်းတစ်လုံးအကြောင်းကို လုံးစေ့ ပတ်စေ့ သိဖို့အတွက် လုံလောက်တဲ့အချိန် မဟုတ်ပါဘူး။ အခု ဒီ Galaxy Z Flip 4 ဆိုရင် ကျွန်တော် ၁ပတ်ကျော်လောက် သုံးပြီးမှ သတိထားမိလာတဲ့ အရာတွေ ရှိတယ်။

Galaxy Z Flip 4 ကို ကျွန်တော် စသုံးတဲ့ ရက်တွေတုန်းကဆိုရင် ခေါက်လိုက်၊ ဖြန့်လိုက် လုပ်လို့ရတာလေးကိုပဲ သဘောကျနေတာ။ ပျော်နေတာ။ ကျေနပ်နေတာ။ ဒါပေမယ့် သုံးတာ ၁ပတ်ကျော်လောက် ကြာပြီးတဲ့အခါမှာတော့ အရေးအကြောင်း ဖုန်းမြန်မြန်ထုတ်သုံးရတော့မယ့်အခါမျိူးတွေမှာ ဒီခေါက်ဖုန်းကို ဖြန့်သုံးဖို့ အဆင့် ၁ဆင့် ပိုလာသလိုမျိူး ခံစားချက်တွေ ရလာပါတယ်။ နောက်ပြီး “အခုလိုမျိူး ခေါက်လို့ ရတာက ငါ့အတွက် ဘာတွေ အသုံးဝင်သွားလဲ၊ ဘယ်နေရာတွေမှာ ပိုပြီး အကျိူးရှိစေလဲ” ဆိုတဲ့ မေးခွန်းမျိူးတွေကို ကိုယ့်ကိုယ်ကို ပြန်မေးမိလာပါတယ်။

Sweet Points

ဒီဖုန်းကို သုံးခဲ့တဲ့တလျှောက် ခုချိန်ထိ စိတ်မပျက်စေဘဲ သဘောကျ ကျေနပ်စရာကောင်းနေတဲ့ အချက်တွေကတော့ Design နဲ့ Premium Build Quality ရယ်၊ Cover Display သုံးပြီး Selfie ဆွဲရတဲ့ အရသာရယ်ပါ။ Samsung အနေနဲ့ Galaxy Z Flip 4 ရဲ့ Build Quality ပိုင်းကို သေချာလေး ဂရုစိုက်ပြီးလုပ်ပေးထားတယ်ဆိုတာ ပေါ်လွင်တယ်။

The Best Selfie Camera Phone

Cover Display သုံးပြီး Main Camera နဲ့ Selfie ဆွဲလို့ ရနေတော့ Main Display မှာပါတဲ့ Punch-hole Selfie Camera ကိုတောင် သိပ်မသုံးဖြစ်တော့ဘူး။ Quality က အများကြီး ကွာတာကိုး :3

ဒီအချက်ကြောင့်ပဲ Galaxy Z Flip 4 ကို “အကောင်းဆုံး Selfie Camera ဖုန်း” လို့တောင် ပြောချင် ပြောနိုင်တယ်။ Selfie ဆွဲတိုင်း Main Camera ကိုပဲ သုံးနေတော့ Punch-hole Selfie Camera ကြီးက မလိုတော့ဘူးလို့ ထင်တဲ့သူတွေလည်း ရှိတယ်။ တကယ်တော့ Punch-hole Selfie Camera ကလည်း Flex Mode နဲ့ ဖုန်းကိုထောင်ပြီး Selfie ဆွဲတဲ့အခါမျိူးတွေမှာ တော်တော်အသုံးတည့်ပါတယ်။

Normal Mode

Portrait

Display နဲ့ Main Camera Quality ပိုင်းတွေက Samsung ရဲ့ Flagship ဖုန်းတွေ ထုံးစံအတိုင်း ကျေနပ်စရာကောင်းနေဆဲမို့ ထွေထွေထူးထူးတော့ ပြောစရာမရှိပါဘူး။ ဒါပေမယ့် Night Mode မှာ Detail ပိုင်း အားနည်းတာ၊ တချိူ့ပုံတွေမှာ Auto White Balance က Cool ဖြစ်လွန်းတာမျိူးတွေကို Personally အရ အားမရမိတာ အမှန်ပါပဲ။ ဥပမာ – Night Mode နဲ့ ဓာတ်ပုံရိုက်တဲ့အခါ Moon Light ပါတဲ့နေရာတွေက Warm ဖြစ်သင့်သလောက်မဖြစ်ဘဲ ဖွေးသွားတာမျိူးတွေပါ။ Punch-hole Selfie Camera ကတော့ Lighting မကောင်းတဲ့အခါမျိူးတွေမှာ Color မနိုင်ဘဲ ဖြူဖက် ဖြူရော် ဖြစ်သွားတဲ့ ပုံမျိူးတွေလည်း တခါတလေ ထုတ်ပေးတတ်ပါတယ်။ ဒီလောက်ပါပဲ။

Night Mode

A Sad Story About Z Flip Series Battery Life

“Galaxy Z Flip 4 က လက်ရှိအကြမ်းဆုံး Chipset ကို သုံးထားတာဘဲကွာ။ ကြိုက်တာဆော့မယ်၊ ကြိုက်တာလုပ်မယ်” ဆိုပြီး ထင်တိုင်းကြဲလို့ မရတဲ့ ဖုန်းထဲ ပါပါတယ်။ Snapdragon 8+ Gen 1 က စိတ်သွားတိုင်း ကိုယ်ပါအောင် စွမ်းဆောင်ပေးနိုင်တယ်ဆိုပေမယ့် 3700mAh Battery က 6.7” AMOLED Display (120Hz) ပေါ်မှာ Graphic Intensive ဖြစ်တဲ့ ဂိမ်းတွေကို ဆော့ဖို့ လုံလောက်တဲ့ ဘက်ထရီပမာဏ မဟုတ်ပါဘူး။ Social Media လောက်ပဲသုံးမယ်၊ YouTube ကြည့်မယ်ဆိုရင်တော့ အဆင်ပြေပါတယ်။ ဒါပေမယ့် ခရီးထွက်တဲ့အခါမျိူးတွေမှာ ဓာတ်ပုံရိုက်လိုက်၊ ဗီဒီယိုရိုက်လိုက်ပါ လုပ်မယ်ဆိုရင်တော့ Power Bank တစ်လုံးဆောင်ထားဖို့ အကြံပေးချင်ပါတယ်။

Photo – PBK

Flip Series နဲ့ Battery Life ဆိုတာ Flip Form Factor ကြောင့် ဖြစ်နေတဲ့ Space ပြဿနာပါ။ Samsung က နှမြောလို့ ပိုကြီးတဲ့ Battery ကို တမင်ထည့်မပေးတာမျိူးတော့ မဟုတ်ပါဘူး။ အခု Z Flip 4 ကိုတောင် 3700mAh Battery ရအောင် 1070mAh Battery တစ်လုံးနဲ့ 2630mAh Battery တစ်လုံးကို Space ပြဿနာကြောင့် တစ်နေရာစီခွဲပြီး ထည့်ပေးထားရတာပါ။ ဒါက Galaxy Z Flip 3 မှာတုန်းကပါတဲ့ 3300mAh Battery နဲ့ယှဥ်ရင် အများကြီး တိုးတက်လာတယ်လို့ ပြောနိုင်ပါတယ်။

Conclusion

ဒီလောက်ဆိုရင်တော့ Foldable ဖုန်းတစ်လုံးဖြစ်တဲ့ Galaxy Z Flip 4 ရဲ့ ကောင်းကွက်၊ ဆိုးကွက် Main Point တွေကို သိသွားကြပြီလို့ ယူဆပါတယ်။ တကယ်လို့ ဒီ Review ထဲမှာ မပါသေးတဲ့ အကြောင်းအရာတွေကို ထပ်သိချင်သေးတယ်ဆိုရင်လည်း Comment မှာ မေးမြန်းနိုင်ပါတယ်။

ကျွန်တော်ရဲ့ အမြင်ကို ပြောရမယ်ဆိုရင်တော့ Galaxy Z Flip 4 က Perfect မဖြစ်သေးတဲ့ The Best Foldable Phone Samsung Has Ever Made ပါ။ ဖုန်းကို ခဏခဏ ကိုင်သုံးနေရသူတွေထက် အားလပ်ချိန်လောက်ပဲ ဖုန်းသုံးဖြစ်တဲ့ သူတွေ၊ နောက်ဆုံးပေါ် နည်းပညာပါတဲ့ ခေါက်ဖုန်းကို စတိုင်ကျကျကိုင်သုံးချင်တဲ့ သူတွေအတွက် ဒီ Galaxy Z Flip 4 လေးက သင့်တော်ပါတယ်လို့ ပြောရင်း ဒီမျှနဲ့ နိဂုံးချူပ်ပါရစေခင်ဗျာ။

Tech Specs

Display – 6.7” Foldable Dynamic AMOLED 2X, 120Hz (1080 x 2640 pixels)

Cover Display – 1.9” Super AMOLED (260 x 512 pixels)

Chipset – Snapdragon 8+ Gen 1 (4nm)

Camera – 12 MP, f/1.8, Dual Pixel PDAF, OIS + 12 MP, f/2.2, 123˚ Ultrawide

Selfie – 10 MP, f/2.4

Speaker – Stereo Speaker (Tuned by AKG)

Fingerprint – Side Mounted

Battery – 3700mAh (Wire 25W / Wireless 15W)